会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

ရာဇ၀တ်မှုတွင် ပါ၀င်ပတ်သက်မှုမှ ရှောင်ရှားနိုင်စေရန်

23.07.2019

ရာဇ၀တ်မှုတွင် ပါ၀င်ပတ်သက်မှုမှ ရှောင်ရှားနိုင်စေရန်

 

အင်တာနက်စာမျက်နှာနှင့် SNSများမှတဆင့် ၀င်ငွေရလမ်းနှင့် ပတ်သက်၍ စကားစမြည် ပြောကြားခြင်း၊ အတူပူးပေါင်းပါ၀င်လုပ်ကိုင်ရန် ဖိတ်ကြားခံရခြင်းများ တွေ့ကြုံရလေ့ ရှိပါသည်။ ထိုသို့ဖိတ်ကြားခံရရာမှ ရာဇဝတ်မှုများတွင် ပါ၀င်ပတ်သက်မိသွားသော ဖြစ်ရပ်များစွာ ရှိပါသည်။ 

တရားမ၀င် လိမ်လည်ငွေလွဲမှု စသည့် ရာဇဝတ်မှုများတွင် နိင်ငံခြားသားများ ပါ၀င်ပတ်သက်မှု မြင့်မားလျက်ရှိပါသည်။ “မသိလို့ဖြစ်သွားတာပါ” ဟူ၍တောင်းပန်ရုံနှင့်မပြီးပါ။ ဖမ်းဆီးခံရခြင်း၊ ပြည်နှင်ဒါဏ်ပေးခံရခြင်းများ အထိ ဖြစ်နိုင်ပါသည်။ 

ထိုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် မကြုံတွေ့ရစေရန် နိုင်ငံခြားသားများအနေဖြင့် ရာဇ၀တ်မှုများတွင် ပါ၀င်ပတ်သက်သွားစေနိုင်သည့် အခြေအနေ၊ ကိစ္စရပ်များကို ဥပမာအနေဖြင့် တင်ပြလိုက်ရပါသည်။ 

① ဘဏ်စာအုပ်များကိုအရောင်းအ၀ယ် ပြုလုပ်ခြင်း (ရာဇဝတ်မှုဆိုင်ရာ ဝင်ငွေအမြတ်အစွန်းများ လွှဲပြောင်းခြင်း ကာကွယ်မှု ဥပဒေကို ချိုးဖောက်ခြင်း စသည်) 

・လုပ်ခလစာအတွက် ငွေလွှဲရန် ပြုလုပ်ထားသော ဘဏ်စာအုပ်ကို မိမိနိုင်ငံသို့ ပြန်ချိန်တွင်  ၀ယ်ယူမည်ဟု ပြောလာ၍ ရောင်းချလိုက်ခြင်း။

 

② ငွေသားများထုတ်ယူခြင်း (ရာဇဝတ်မှုဆိုင်ရာ ဝင်ငွေအမြတ်အစွန်းများ လွှဲပြောင်းခြင်း ကာကွယ်မှု ဥပဒေကို ချိုးဖောက်ခြင်း)

・မိမိဘဏ်စာရင်းထဲသို့ လွှဲလာသော ငွေကိုထုတ်ယူ၍ မသမာသူ၏ ဘဏ်စာရင်းသို့ တစ်ဆင့်

ငွေလွှဲခြင်း။

 

③ တစ်ပါးသူ၏ ဘဏ်ကဒ်များအား လက်ခံရယူခြင်း (ရာဇဝတ်မှုဆိုင်ရာ ဝင်ငွေအမြတ်အစွန်းများ လွှဲပြောင်းခြင်း ကာကွယ်မှု ဥပဒေကို ချိုးဖောက်ခြင်း)

တစ်ပါးသူ၏ ဘဏ်ကဒ်မှ ငွေထုတ်ယူ၍ မသမာသူ၏ ဘဏ်စာရင်းသို့ ငွေလွဲပေးခြင်း။

 

④ တစ်ပါးသူ၏ ဘဏ်စာအုပ်မှ ငွေ‌သားများ ထုတ်ယူခြင်း (ခိုးယူခြင်း)

・ATMစက်တွင် တစ်ပါးသူ၏ဘဏ်စာအုပ်မှ ငွေသားများ ထုတ်ယူခြင်း။

 

⑤ လက်ကိုင်ဖုန်းများ ရောင်း၀ယ်ခြင်း (မိုဘိုင်းဖုန်း လိမ်လည်အသုံးပြုမှု ကာကွယ်ရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း) 

・မိမိနိုင်ငံသို့ပြန်မည်ဖြစ်၍ မလိုအပ်တော့သော မိုဘိုင်းဖုန်းနှင့် SIM ကဒ်များကို ရောင်းချရာမှ ထိုဖုန်းနှင့် SIM ကဒ်များ မသမာသူလက်ထဲသို့ရောက်ရှိသွားခြင်း။

 

➅ မမှန်မကန်ပစ္စည်းပို့ခြင်း (လိမ်လည်မှု)

မိမိနေအိမ်သို့ရောက်ရှိလာသော ပစ္စည်းများကို လက်ခံ၍ မသမာသူဆီသို့ လွှဲပြောင်းပို့ပေးခြင်း။

 

➆ တစ်ပါးသူအယောင်ဆောင်ကာ  ပစ္စည်းပို့စလစ်တွင် လက်မှတ်ထိုး လက်ခံရယူခြင်း (ကိုယ်ပိုင်တံဆိပ်တုံး အတုပြုလုပ်ခြင်း)

တစ်ပါးသူ အယောင်ဆောင်ကာ ပစ္စည်းပို့စလစ်တွင် လက်မှတ်ထိုးခြင်း၊ ကိုယ်ပိုင်တံဆိပ်တုံး အတုထုခြင်း။

 

⑧ တစ်ပါးသူအယောင်ဆောင်ကာ အမြန်ချောပို့ ပစ္စည်းများကို လိမ်လည်လက်ခံယူခြင်း (လိမ်လည်မှု) 

တစ်ပါးသူအယောင်ဆောင်ကာ အမြန်ချောပို့ ပစ္စည်းများကို လက်ခံယူ၍ မသမာသူများ

လက်ထဲသို့ ထည့်ပေးခြင်း။

 

※အထက်ပါအချက်များအားလုံးသည် ရာဇ၀တ်မှုမြောက်သော အပြုအမူများ ဖြစ်ပါသည်။

မသိနားမလည်၍သော်လည်း‌ကောင်း၊ တောင်းဆိုခံရ၍သော်လည်းကောင်း ကျူးလွန်မိသွားခြင်းမျိုးကိုလည်း လက်ခံစဥ်းစားပေးမည်မဟုတ်ပါ။ အင်တာနက်မှတဆင့်၊ သူငယ်ချင်းများမှတဆင့် ဆွဲဆောင်စည်းရုံး တိုက်တွန်းခြင်းများကို လက်မခံမိစေရန် သတိပြုပါ။

 

လျှို့၀ှက်ပုံးကွယ်နေခြင်း၊ ခြေရာဖျောက်ခြင်း။

မသမာသောပွဲစားများ၏ တိုက်တွန်းအားပေးမှုကြောင့် စာချုပ်နှင့် မသက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အလုပ်များကို လုပ်ကိုင်လျှင်လည်း တရားမ၀င်အလုပ်လုပ်ကိုင်သူ = ပြစ်မှုကျူးလွန်သူ ဖြစ်သွားပါမည်။ 

တရားမ၀င်အလုပ်လုပ်ကိုင်သူများနှင့် စပ်လျှဉ်း၍

မသမာသောပွဲစားများအားလုံးသည် နိုင်ငံခြားသားများကို အလုပ်မိတ်ဆက်ပေးခြင်းဖြင့် 

ပိုက်ဆံရနေသူများဖြစ်ပါသည်။ ပွဲစားများမှ တစ်ဆင့် မိတ်ဆက်ပေးသော လုပ်ငန်းများသည် အလုပ်သမားအင်အားလိုအပ်ချက်အရ ဟူသော အတွေးအခေါ် ဖြင့်သာ အလုပ်ခန့်ပါလိမ့်မည်။ 

မိမိနှင့် ရင်းနှီးကျွမ်း၀င်မှုမရှိသောနိုင်ငံတွင် သွားစရာနေရာမရှိ၊ ဆွေးနွေးတိုင်ပင်စရာမရှိ အားနည်းချက်ရှိသော အလုပ်သမားအဖြစ် ဆက်လက်လုပ်ကိုင်သွားရပါမည်။ မတရား ဆက်ဆံခံရသော်လည်း အားကိုးစရာ အသိမိတ်ဆွေမရှိနိုင်ပါ။ အစပထမတွင် ပွဲစားများ တင်ပြထားသည့် လစာများဖြင့်  အလုပ်လုပ်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြကာ လစာလျှေ့ာချခံရခြင်းများ ရှိနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် လစာမဲ့အလုပ်ပါစေခိုင်းခံရသည့် ဖြစ်ရပ်များလည်း ရှိပါသည်။ ပွဲစားများမှ တိုက်တွန်းပြောဆို ဆွဲဆောင်စည်းရုံး ခံရခြင်းများရှိပါက ပြတ်သားစွာ ငြင်းဆန်ပါ။

အလုပ်မိတ်ဆက်ခြင်းနှင့်ပတ်သက်၍ အပြောကောင်းသည့် ဆွဲဆောင်စည်းရုံးမှုများ၊ သံသယဖြစ်စရာ စကားများအား မယုံကြည်မိပါစေနှင့်။ 

 

အထူးသဖြင့်

  • ・အလုပ်ဗီဇာ မရှိသော်လည်း အလုပ်ရရှိရန် ဆောင်ရွက်ပေးမည်။ 

  • ・ပင်စင်အခွန် နှင့် ကျန်းမာရေးအာမခံများ မပေးသွင်းလည်း ရသည်။

  • ・လစာ လက်ပေးစနစ်ဖြင့် ရရှိစေရန်ဆောင်ရွက်ပေးမည်။

  • ・“အွန်လိုင်းမှတဆင့် သင့်၏ကိုယ်ရေးအချက်အလက်များကို ကြည့်ခဲ့ပါတယ်” 

  • “သင့်လိုမျိုး အလုပ်သမား၀န်ထမ်းကို ရှာဖွေနေပါတယ်” ဟူသောအ‌ရေးအသား အပြောအဆိုများ 

 

ထိုကဲ့သို့သော စကားများသည် လိမ်လည်ခြင်းသာဖြစ်သည်။ လုံး၀မယုံကြည်ပါနှင့်။