会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါ ဆူနာမီရေလှိုင်း ကြိုတင်ပြင်ဆင်ချက်

12.01.2020

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါ

ဆူနာမီရေလှိုင်း ကြိုတင်ပြင်ဆင်ချက်

 

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်နှင်ဆူနာမီ အဖြစ်များဆုံးသော နေရာတစ်ခုဖြစ်ပါသည်။

ဆူနာမီဘေးအန္တရာယ်လွတ်မြောက်ရန်အတွက် ဖြစ်နိုင်ချေရှိသော လုပ်ဆောင်ချက်မှာ လုံခြုံ

၍ မြင့်မားသောနေရာများသို့ ပြေးရန်ဖြစ်သည်။ မိမိနေထိုင်သောနေရာနှင့် အလုပ်လုပ်သော

နေရာပတ်၀န်းကျင်၊ ပင်လယ်နှင့်မြစ်များတွင် အပန်းဖြေအနားယူသောအခါတွင် အကယ်၍

ဖြစ်လာခဲ့မည်ဆိုပါက မည်သို့ပြုလုပ်မည်ကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။

 

1.သတင်းအချက်အလက်များကို ကြည့်ရှု့ပါ

・ငလျင်၊ ဆူနာမီနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရေဒီယို၊ တီဗွီ နှင့် အင်

တာနက်များမှ ထုတ်လွင့်သော အကြောင်းအရာများမှတဆင့် ကြည့်ရှု့နားဆင်ပါ။ အရေးပေါ်

ငလျင်သတင်းထုတ်လွှင့်ချက်နှင့် ဆူနာမီသတိပေးချက်များကို မှန်ကန်စွာစစ်ဆေး၍ ကြည့်

ရှု့နားဆင်ပါ။

2.လုံခြုံမြင့်မားသောနေရာ(ထွက်ပြေးရန်နေရာ)များကို ရှာဖွေထားပါ

・ပတ်၀န်းကျင်တွင် ဆူနာမီသတိပေးအမှတ်အသားများ၊ ကယ်ဆယ်ရေးဌာနကိုဖော်ပြထား

သောလမ်းညွန်ဆိုင်းဘုတ်များနှင့် အမှတ်သင်္ကေတများ ရှိမရှိကို ပုံမှန် ကြည့်ရှု့စစ်ဆေးခြင်း

များပြုလုပ်ပါ။

・ကယ်ဆယ်ရေးဌာန၏နေရာများကိုရှာဖွေ၍ နေအိမ်မှ ကယ်ဆယ်ရေးဌာနအထိ လုံခြုံစိတ်

ချစွာသွားလာနိုင်သော လမ်းကြောင်းများကို သိရှိနားလည်အောင် ပြုလုပ်ထားပါ။ တစ်ခုထက်

ပိုသောလမ်းကြောင်းများကို ရှာဖွေစဥ်းစားထားပါ။ လမ်းမများအသုံးပြုလို့မရသည့်အနေထား

မျိုးတွင် တခြားလမ်းကြောင်းများမှ ထွက်ခွါခိုလှုံနိုင်အောင် ပြုလုပ်ထားပါ။

 

3.ဘေးရှောင်ရန် ကြိုတင်ပြင်ဆင်ခြင်း။

・ဘေးရှောင်ရာနေရာတွင်အသက်ရှင်နေထိုင်ရန်အတွက်မဖြစ်မနေလိုအပ်သောအရာများ ကို အဆင်သင့်ပြုလုပ်ထားကြပါ။

・အရေးပေါ် ပစ္စည်းသယ်ကျောဘိုးအိတ်ကို အချိန်မရွေးသယ်ယူလို့ရနိုင်သည့် နေရာများတွင်

အသင့်ပြုလုပ်ထားပါ။ ဖြစ်နိုင်လျှင် တောင်တက်ရာတွင်အသုံးသည့် ပစ္စည်းအများအပြား

ထည့်ဆံ့နိုင်သည့် ကျောဘိုးအိတ်ကို အသုံးပြုလျှင်ပိုကောင်းသည်။

・အ‌ရေးပေါ် သယ်ယူရန်ပစ္စည်းစာရင်း:ငွေသားပိုက်ဆံ၊ ဘဏ်စာအုပ်၊ ရေဒီယို၊ ဓါတ်ခဲ၊

လျှပ်စစ်ဓါတ်မီး၊ ရေ၊ အရေးပေါ်စားစရာ၊ အရေးပေါ်ဆေးသေတ္တာ၊ ဆောင်းရာသီအ၀တ်၊

အတွင်းခံစသည်တို့ဖြစ်ပါသည်။

 

4.ငလျင်နှင့် ဆူနာမီဖြစ်၍ ဘေးရှောင်သောအခါတွင်

ဘေးရှောင်မသွားခင် လျှပ်စစ်မိန်းခလုတ်၊ ဂတ်စ်ခလုတ်၊ ရေပိုက်ကိုပိတ်မည်။

ငလျင်မဟုတ်သော်လည်း ဆူနာမီသတိပေးချက်များထွက်လာလျှင် လုခြုံစိတ်ချသောကုန်း

မြင့်နေရာများတွင် ဘေး‌ရှောင်ပါ။ ပင်လယ်မြစ်ကမ်းနံဘေးတွင်ရှိလျင် လုံး၀မနေဘဲချက်ချင်း ထွက်ခွါပါ။

・ဆူနာမီရေလှိုင်းသည် ငလျင်နှင့်အတူတကွဖြစ်ပေါ်ပါသည်။ ငလျင်ပြင်းထန်သည်ဟု ခံစား

လျှင် ပင်လယ်မြစ်ကမ်းနံဘေးမှ ချက်ချင်း ထွက်ပြေးပါ။

・ကမ်းစပ်နှင့်မြစ်များသည် အန္တရာယ်များသည့်အတွက် ရေကူးခြင်း၊ ငါးမျှားခြင်းများ မပြု

လုပ်ရ။

・ဆူနာမီသည် ၂~၃ကြိမ်ခန့် ပြန်လာလေ့ရှိသည့်အတွက် ၁ကြိမ်လာပြီးသည့် စိတ်ချလက်ချ

မနေပါနှင့်။ဆူနာမီသတိပေးချက်မရုတ်သိမ်းသည့်အထိပင်လယ်ကမ်းစပ်နှင့် မြစ်ချောင်းအနီး အနားသို့ မသွားပါနှင့်။

 

 

မိတ်ဆွေတို့ ဘယ်လိုထင်မြင်ကြပါသလဲ? ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်စရာများကို

လေ့လာပြီးသွားပါပြီ။ မိမိလည်း ဘေးအန္တရာယ်ကျရောက်မှုရှိကောင်းရှိနိုင်ပါလိမ့်မည်ဟု

တွေးမိကြတယ်မဟုတ်လား။ နှစ်စဥ်နှစ်တိုင်း မထင်မှတ်ထားသောနေရာများတွင် သဘာ၀

ဘေးအန္တရာယ်အများအပြားဖြစ်ပေါ်လျှက်ရှိပါသည်။ သဘာ၀ဘေးအန္တရာယ်သည် တခြား

လူများနှင့်သာ သက်ဆိုင်သည်မဟုတ်ပါ။ ဘေးအန္တရာယ်မှတဆင့် ကြီးမားသောပျက်စီးဆုံးရှုံး

မှု၊ သေးငယ်သော ပျက်စီးဆုံးရှုံးမှုသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီ၏ အသိ၊ ကြို

တင်ပြင်ဆင်မှုတို့နှင့် သက်ဆိုင်မှုရှိကြောင်း တင်ပြလိုက်ရပါသည်။