အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး
မိုးသည်းထန်စွာရွာသွန်းမှုအတွက်ပြင်ဆင်ခြင်း
နှစ်စဥ်နှစ်တိုင်း တိုင်ဖုန်းမုန်တိုင်းနှင့်မိုးသည်းထန်စွာရွာသွန်းမှု စသည့်ကြီးမားသော ဘေးအန္တရယ်များဖြစ်
ပေါ်လျှက်ရှိပါသည်။ တီဗွီ၊ ရေဒီယိုများမှ မိုးလေ၀သ သတင်းအချက်အလက်များကို အမြဲတစေ နားထောင်
ပါ။ တိုင်ဖုန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းနိုင်သည့် သတင်းများ၊ မိုးလေ၀သခန့်မှန်းချက်များကို မြင်
ရကြားရလျှင် ဘေးအန္တရာယ်ကာကွယ်ရန်အတွက် လိုအပ်သည်ပြင်ဆင်မှုများကို ပြုလုပ်ကြရအောင်။
- အိပ်အပြင်ဘက်အတွက် ပြင်ဆင်ခြင်း။
မိုးသည်းထန်စွာမရွာသွန်းမီ၊ လေပြင်းမတိုက်မီ အောက်ပါအချက်များကိုဆောင်ရွက်ပါ။
・တံခါး၊ ပြတင်းပေါက်နှင့် မိုးကာတံခါးများကို သေချာစွာ သော့ခတ်ပြီး ပိတ်ပါ။
・မြောင်းနှင့်ရေဆင်းပေါက်များကို သန့်ရှင်း၍ ရေစီးရေလာကောင်းအောင် ပြုလုပ်ထားပါ။
- အိမ်အတွင်းဘက်အတွက် ပြင်ဆင်ခြင်း။
・အရေးပေါ်သုံးပစ္စည်းများကိုအဆင်သင့်ပြင်ဆင်ထားခြင်း။
လျှပ်စစ်ဓါတ်မီး၊ အိတ်ဆောင်ရေဒီယို(ဓါတ်ခဲထည့်သုံး)၊ အရေးပေါ်ဆေး၀ါး၊ အ၀တ်အစား၊ အဆင်သင့်စား
သုံးနိုင်သောအစားအစာ(စည်သွတ်ဘူး၊ ပေါင်မုန့်ခြောက်၊ ဘီစကွက်မုန်စသည့်)၊ ဓါတ်ခဲ စသည်တို့ကို ပြင်
ဆင်ထားပါ။ မည်သည့်အချိန်တွင်မဆို အရေးပေါ်ထွက်ခွါနိုင်အောင် အရေးပေါ် ကျောဘိုးအိတ်ကို အဆင်
သင့်ပြင်ထားပါ။
・အိမ်ခန်းအတွင်းမှနေ၍ လုံခြုံရေးအတွက် ဆောင်ရွက်ချက်။
မိုးသည်းထန်စွာရွာသွန်းသောအခါမျိုးတွင် လေပြင်းများပါ တိုက်ခတ်နိုင်ချေရှိပါသည်။ လေပြင်းတိုက်ခတ်
မှုကြောင့် လွင့်ပါသွားနိုင်ချေရှိသောအရာများကို လွင့်ပါမသွားအောင်ပြုလုပ်ခြင်း၊ အိမ်အတွင်းသို့ ပြောင်း
ရွှေ့ခြင်းများ ပြုလုပ်ပါ။ (မိုးကာတံခါးများရှိလျှင်) မှန်ပြတင်းပေါက်ရှိ မိုးကာတံခါးနှင့် shutter များကို ပိတ်
ပါ။ (မိုးကာတံခါးများမရှိလျှင်) လုံခြုံရေးအကာအကွယ်ပလတ်စတစ်အပြားများ၊ လွင့်စင်မသွားအောင်ကာ
ကွယ်သော ပလတ်စတစ်အပြားများကို ကပ်ပါ။ လုံခြုံရေးအကာအကွယ်ပလတ်စတစ်အပြားများမရှိပါက
အလွယ်တကူကပ်ခွါ၍ရသော တိပ်ဖြင့် ( ဒေါင်လိုက်၊ အလျားလိုက်၊ ထောင့်ဖြတ်) ကပ်၍ အပျက်အစီးများ
လွင့်စင်လာမှုမရှိစေရန် ကာကွယ်မည်။
・ရေလှောင်ထားခြင်း။
ရေပြတ်တောက်မှုအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သောက်ရေကိုလှောင်ထားခြင်းအပြင်၊ ရေချိုး
အတွင်းရှိရေနွေးစိမ်ကန်ထဲတွင် ရေများကို လှောင်ထားပါ။
・(ရေကာအိတ်) များကိုပြုလုပ်၍ ရေလွှမ်းခြင်းမှကာကွယ်ခြင်း။
အမှိုက်အိတ်အတွင်းသို့ ရေတစ်၀က်လောက်ထည့်ခြင်းဖြင့် မြေအိတ်သဲအိတ်အစားထိုးအနေဖြင့်ရေကာ
အိတ်ကို ပြုလုပ်နိုင်ပါသည်။ အိမ်သာ၊ ရေချိုးနေရာနှင့် အ၀တ်လျှော်စက်ရေစွန့်ပေါက်များမှ ရေလျှံသော
အခါမျိုးတွင် ထိုရေကာများဖြင့် ထားခြင်းဖြင့် ရေလျှံမှုကို ကာကွယ်ကြပါစို့။
မိုးသည်းထန်နေချိန်များတွင် မလိုအပ်ဘဲ အပြင်သို့မထွက်ပါနှင့်။ အပြင်သို့ရောက်ရှိနေပါက လျှင်မြန်စွာ နေအိမ်သို့ ပြန်ပါ။ နေအိမ်နှင့် အလုပ်အနီးနားရှိကယ်ဆယ်ရေးဌာနများကို ရှာဖွေထားပါ။
အန္တရာယ်ရှိသည်ဟု ယူဆလျှင် ဘေးရှောင်ရန် သွားရောက်ကြပါစို့။