会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ရထားနှင် ဘတ်စ်ကားစသည့်အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်များစီးနင်းရာတွင်

12.05.2020

ရထားနှင် ဘတ်စ်ကားစသည့်အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်များစီးနင်းရာတွင်

 

ရထား၊ ဘတ်စ်ကားစသည့် အများပြည်သူသုံးယာဥ်များစီးနင်းရာတွင် အများအားဖြင့် ဦးစား

ပေးထိုင်ခုံနေရာများရှိကြပါတယ်။ ရထားများတွင် သက်ကြီးရွယ်အို၊ ကိုယ်၀န်ဆောင်၊ ဒဏ်

ရာအနာတရရှိသူ၊ ထိုင်ခုံကိုလိုအပ်သည့်သူများအတွက် ရုပ်ပုံများနှင့်တကွ“oyuzuri kudasai”ဟူသောစာတန်းများဖြင့်ပါရေးသားထားလေ့ရှိပါတယ်။

ထိုင်ခုံအရောင်များကိုလည်းသာမာန်ထိုင်ခုံနှင့်ဦးစားပေးထိုင်ခုံဟူ၍ကွဲပြားအောင် ပြုလုပ်ထားလေ့ရှိပါတယ်။ 

ရထားစီးနေသောအခါတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ဒဏ်ရာရထားသူများ၊ ဖျားနာသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များအား မိမိထိုင်ခုံ

ဖယ်ပေး၍ ဦးစားပေးထိုင်ခိုင်းခြင်းဟာ ကောင်းမွန်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ 

ဦးစားပေးထိုင်ခုံတွင် ထိုင်နေရာမှ မသန်စွမ်းသူ၊ ဒဏ်ရာရနေသူ၊ နေမကောင်းဖြစ်နေသူ၊ ကိုယ်၀န်ဆောင်၊ နို့စိုကလေးရှိသူများအတွက် ဖယ်ပေး၍ ဦးစားပေးထိုင်ခိုင်းခြင်းဟာလည်းစိတ်ထားမွန်မြတ်ကြောင်းပြသရာရောက်ပါတယ်။ 

ရထားပေါ်တွင် သက်ကြီးရွယ်အိုနှင့် အပေါ်မှာဖော်ပြထားသည့် ဦးစားပေးသင့်သူများ မတ်တပ်ရပ်စီးနေသည်ကို တွေ့ရှိပါက ထိုင်ခုံကို ဦးစားပေး ထိုင်ခိုင်းပါ။ နောက်ပြီး ထိုင်နေစဥ်အတွင်း ထိုကဲ့သို့သောလူများတွေ့ရှိလျှင် လျှင်မြန်စွာထရပ်ပြီး  “Dozo Suwatte Kudasai” “Suwararemasuka?”လို့ပြောပါ။