会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လမ်းလျှောက်ရင်းဖုန်းအသုံးပြုခြင်းနှင့် ကျရောက်လာနိုင်မည့်အန္တရာယ်

18.01.2020

လမ်းလျှောက်ရင်းဖုန်းအသုံးပြုခြင်းနှင့် ကျရောက်လာနိုင်မည့်အန္တရာယ်

 

ရထားဘူတာအတွင်း ”arukinagara sumaho ha yametekudasai” “လမ်းလျှောက်ရင်း ဖုန်းမသုံးရ”ဆိုတဲ့ကြေညာသံကို ကြားဖူးကြပါသလား?လမ်းလျှောက်ရင်းဖုန်းသုံးခြင်းဟာ မိမိပတ်၀န်းကျင်ရှိအခြားသူများကိုအနှာက်အယှက်ဖြစ်စေနိုင်ပြီးအန္တရာယ်လည်းများပါတယ်။ ဥပမာအားဖြင့်ရထားဘူတာအတွင်းလမ်းလျှောက်ရင်းဖုန်းသုံးရာမှရထားစောင့်ဆိုင်းတန်းစီ နေတဲ့အခြားသူများကိုတိုက်မိပြီးထိခိုက်ဒါဏ်ရာရစေနိုင်ခြင်း၊ရထားလမ်းပေါ်သို့စမတ်ဖုန်း၊ လက်ကိုင်ဖုန်းများပြုတ်ကျခြင်းများဖြစ်နိုင်ပြီးအခြားမတော်တဆမှုများလည်းဖြစ်လာနိုင်ပါ တယ်။လမ်းလျှောက်နေချိန်တွင် စမတ်ဖုန်း၊လက်ကိုင်ဖုန်းများအသုံးပြုခြင်းဟာအလွန်အမင်း အန္တရာယ်များသည့်အတွက်ထိုကဲ့သို့အသုံးပြုခြင်းမှရှောင်ကြဉ်ကြရပါမယ်။အ‌ရေးပေါ်အခြေအနေနှင့်မဖြစ်မနေအသုံးပြုရမဲ့အခြေအနေမျိုးတွင်အန္တရာယ်ကင်းသောနေရာတွင်ခေတ္တခဏရပ်တန့်ပြီးအခြားသူများအားအနှောက်အယှက်မဖြစ်စေတဲ့နည်းလမ်းဖြင့်အသုံးပြုကြပါစို့နော်။