会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ရထားစီးချိန် လိုက်နာရမည့် အမူအကျင့်များ

14.01.2020

ရထားစီးချိန် လိုက်နာရမည့် အမူအကျင့်များ

 

・အသံကျယ်ကျယ် စကားပြောခြင်း၊ ဆူညံခြင်းတို့ မပြုလုပ်ရပါ။

・ဖုန်းလက်ခံပြောဆိုခြင်းမပြုရပါ။ 

မိုဘိုင်းဖုန်းများကို silent modeပြုလုပ်ထားပြီး notification သံမထွက်ပါစေနှင့်။ ဦးစားပေးထိုင်ခုံ အနီးတဝိုက်မှာ နှလုံးနှိုးစက် (pacemaker) တပ်ဆင်ထားသူများရှိနိုင်ပြီး ထိုသူများ၏ ကျန်းမာရေးကို အနှောက်အယှက် ဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဖုန်းကို power off လုပ်ထားရပါမယ်။ 

・ရထားထဲတွင် သီချင်းသံကျယ်ကျယ် မဖွင့်ရပါ။ သီချင်းသံကြောင့် အခြားသူများအား အနှောင့်အယှက် မဖြစ်စေရန် သီးချင်းနားထောင်ခြင်း၊ videoကြည့်ခြင်းများအတွက် earphone နားကြပ်ကို အသုံးပြုပါ။ 

・ရထားပေါ်တွင် အမှိုက်ပစ်ချခြင်း၊ အမှိုက်ချန်ထားခြင်း မပြုလုပ်ရပါ။

・ရထားကျပ်နေချိန်တွင် ကျောပိုးအိတ်ကို အနောက်ဘက်တွင် မလွယ်ဘဲ ရှေ့ဘက်တွင် လွယ်ပါ။ ရထားထိုင်ခုံအပေါ်ဘက်မှာရှိတဲ့ စင်ပေါ်တွင်လည်း တင်ထားနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရထားများထဲတွင် 「リュックは前に抱えるか網棚をご利用ください」 “ ကျောပိုးအိတ်ကို ရှေ့ဘက်မှာ လွယ်ထားပါ သို့မဟုတ် စင်ပေါ်တင်ထားပါ” ဟုရေးထားသော sticker များ ကပ်ထားပါတယ်။ 

・လူနှစ်ယောက်ထိုင်ခုံကို တစ်ယောက်တည်းထိုင်ခြင်း၊ မိမိထိုင်ခုံ နံဘေးနေရာလွတ်မှာ ပစ္စည်းများထားခြင်း မပြုလုပ်ရပါ။

・ရထားပေါ်တွင် အစာစားခြင်းသည် ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေတဲ့အတွက်  ရထားတွင်း အစားစားခြင်းကို ရှောင်ကြဥ်ရပါမယ်။