会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လုပ်ငန်းခွင်ဆိုင်ရာ အမူအကျင့်နှင့် စိတ်နေသဘောထား

10.01.2020

လုပ်ငန်းခွင်ဆိုင်ရာ အမူအကျင့်နှင့် စိတ်နေသဘောထား

 

 အောက်ဖော်ပြပါ အချက်များဟာ ဂျပန်နိုင်ငံရဲ့ အလုပ်ခွင်မှာ ဂရုစိုက်ရှောင်ကြဉ်ရမယ့် အမူအကျင့်နှင့် စိတ်နေသဘောထားတို့ ဖြစ်ပါတယ်။

・မေးထောက်ခြင်း

・သန်းဝေခြင်း

・လက်ပိုက်၊ ခြေချိတ်ခြင်း

・(ပြန်မထူး) ပြန်လည်ဖြေကြားမှု မရှိခြင်း၊ ပြန်ထူးရာတွင် အသံတိုးခြင်း

・မနှုတ်ဆက်ခြင်း၊ နှုတ်ဆက်ရာတွင် အသံတိုးခြင်း

・ပျင်းရိစွာလမ်းလျှောက်ခြင်း၊ ပျင်းရိစွာ ပြုမှုလှုပ်ရှားခြင်း

・ခေါ်သော်လည်း ချက်ချင်းမလာခြင်း၊ မတုံ့ပြန်ခြင်း

・တီးတိုးပြောဆိုခြင်း

・အလုပ်နှင့်မဆိုင်သော စကားများပြောဆိုခြင်း

ဂျပန်လုပ်ငန်းခွင်မှာ အထက်ပါအပြုမှုများ ပြုမူလုပ်ကိုင်သူကို အလုပ်မလုပ်နိုင်သူ၊ အလုပ်ကြိုးစားချင်စိတ်

မရှိသူဟု ထင်မှတ်ခံရနိုင်ပါတယ်။ မိမိရဲ့ အမူအယာကြောင့် ပတ်ဝန်းကျင်မှ မိမိအား ထင်မြင်မှုမလွဲမှားစေရန် အထူးဂရုစိုက် ဆင်ခြင်သင့်ပါတယ်။