会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

မိမိကိုယ်ကိုမိတ်ဆက်ခြင်း။

02.08.2018

မိမိကိုယ်ကိုမိတ်ဆက်ခြင်း။

 

ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင်၊ ကုမ္ပဏီတို့၌ အလုပ်စဝင်သည့်နေ့တွင် မိမိကိုယ်ကိုမိတ်ဆက်ရလေ့ရှိသည်။   မိတ်ဆက်စကားပြေားကြားရာတွင် ဤလုပ်ငန်းခွင်တွင် အလုပ်ဝင်ရသည့်အတွက် ၀မ်းမြောက်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်အဖြစ် ကြိုဆိုလက်ခံပေး၍ ကျေးဇူးတင်ကြောင်း၊ မိမိတစ်ဦးတည်း ဝာာဝန်ယူ အလုပ်လုပ်ကိုင်နိုင်သည် အထိ အထောက်အပံ့၊ အကြံအဉာဏ်တောင်းခံလိုပါကြောင်း စသည့်တို့ကို မိမိကိုယ်ပိုင်စကားလုံးများဖြင့် ဖော်ပြကာ ပြောကြားရမည်။ မိမိ၏အမည်ကို မှတ်မိစေရန် အရေးကြီးသည်။

မိမိကိုယ်ကို မိတ်ဆက်ရာတွင် သတိပြုရမည့်အချက်များ

①ကိုယ်နေဟန်ထား မှန်ကန်စွာ စကားပြောပါ။

ဘောင်းဘီအိတ်ထဲကို လက်ထည့်၍ပြောဆိုခြင်း၊ ခေါင်းကုတ်ပြောဆိုခြင်းတို့သည် လူအထင်အမြင်သေးခံရ စေပါသည်။

②မိမိ၏အမည်ကို အသံကျယ်ကျယ်ဖြင့် မိတ်ဆက်မည်။ 

လူအများရှေ့၌ မိမိကိုယ်ကိုမိတ်ဆက်ခြင်းမှာ စိတ်လှုပ်ရှားစရာကောင်းသော်လည်း မိမိ၏ အမည်ကို ပြောဆိုရာတွင် မှတ်မိစေရန် ဖြည်းဖြည်းပြောပါ။

③”よろしくお願いします” ဟု အတူတူအလုပ်လုပ်ရမည့်သူများကို စိတ်ရင်းဖြင့် သေချာစွာ ဦးညွတ်အရိုအသေ

ပြုပါ။ 

အပြုံးမျက်နှာမရှိဘဲ အသံတိုးကာ တဖက်လူကိုလည်းမကြည့်ပါက ယုံကြည်မှုနည်း၍ ကျန်းမာရွင်လန်းမှုမရှိသူဟု ထင်မြင်ခံရနိုင်သည်ကိုလည်း ဂရုပြုပါ။