ယဥ်ကျေးသောဂျပန်စကားအသုံးအနှုန်းကို ကျွမ်းကျင်အောင်ပြုလုပ်ပါ
စကားပြောဆိုရာတွင် ယဥ်ကျေးသောစကားအသုံးအနှုန်းများကိုထည့်သွင်းပြောဆိုခြင်းဖြင့် တစ်ဖက်သူအား လေးစားကြောင်းပြသရာရောက်ပါသည်။ ယဥ်ကျေးစွာ စကားပြောရာ တွင် လေးစားသမူဖြင့်ပြောဆိုခြင်း၊ နိမ့်ချ၍ပြောဆိုခြင်း၊ ပုံမှန်ယဥ်ကျေးစွာပြောဆိုခြင်းဟူ၍ (၃)မျိုးရှိပါသည်။
・လေးစားသမူဖြင့်ပြောဆိုခြင်း :တဖက်လူကိုမိမိ၏အထက်တွင်ရှိသည့် အနေအထားဖြင့် လေးစားမှု
ကိုဖော်ပြသောစကားလုံးသုံးနှုန်း၍ပြောဆိုခြင်း။
・နိမ့်ချ၍ပြောဆိုခြင်း :မိမိကိုယ်ကိုနိမ့်ချ၍ တဖက်လူအားရိုကျိုးစွာပြောဆိုခြင်း။
・ပုံမှန်ယဥ်ကျေးစွာပြောဆိုခြင်း :စကားလုံး၏နောက်ဆုံးမှာ 「です」「ます」ထည့်ပြီး ယဥ်ကျေးသည့်ပုံစံ
အဖြစ်သုံးနှုန်းပြောဆိုပါသည်။
ဥပမာ
အလုပ်ခွင်အတွင်း အသုံးများသော ယဥ်ကျေးသောစကားအသုံးအနှုန်း။
လုပ်ငန်းခွင်အတွင်းမိမိနှင့် အခြားသူများကိုရည်ညွှန်းရာတွင်သုံးသည့သည့် ယဥ်ကျေးသောစကားအသုံးအနှုန်း
ယဥ်ကျေးသောစကားအသုံးအနှုန်းများကို ချက်ချင်းပြောဆိုခြင်းမျိုးမလုပ်ဘဲ တဖြည်းဖြည်းသုံးနှုန်းပြောဆိုခြင်း
ဖြင့် နေသားကျလာအောင်ပြုလုပ်ပါ။