会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်စကားပြောရာတွင် လိုက်နာရမည့် အခြေခံအချက်များ

04.08.2020

အလုပ်စကားပြောရာတွင် လိုက်နာရမည့် အခြေခံအချက်များ

 

စစကားပြောဆိုပုံ နှင့် နားထောင်ပုံပေါ်  မူတည်ပြီး စကားဝိုင်း၏ အနေအထား ပြောင်းလဲနိုင်ပါသည်။ 

မိမိပြောလိုသည့် အကြောင်းအရာများကို ချောချောမွေ့မွေ့ ပြောဆိုနိုင်စေရန် အခြေခံစကားပြောနည်းကို သိရှိထားရပါမည်။ ပြောလိုသည့် အကြောင်းအရာ အများအပြား ရှိသည့်အခါမျိုးတွင် ဦးနှောက်ထဲတွင် အချက်အလက်များကို အစီအစဥ်တကျ စီပြီး မှပြောဆိုပါ။ ထိုအခြေအနေတွင် တစ်ဖက်လူ၏တုံပြန့်မှုကို စောင့်ကြည့်ပြီးမှ စကားကို ရှေ့ဆက်ပြောရန် သတိပြုပါ။ 

 

ရှောင်ကြဥ်သင့်သည့်အပြုအမူများ

 

・တဖက်လူ၏မျက်စိကိုမကြည့်ဘဲ ပြောဆိုခြင်း။

・တဖက်လူ၏စကားကို ပြီးဆုံးအောင်မစောင့်ဘဲ ကြားဖြတ်ပြောခြင်း။

・စကားပြောရာတွင် ကြားဖြတ်၍ မိမိ၏ ထင်မြင်ယူဆချက်ကို ပြောဆိုခြင်း။

・စကားကို လျင်မြန်လွယ်ကူစွာ သဘောပေါက်သည့်ပုံစံမျိုး ပြုလုပ်ခြင်း။

・မေးစရာရှိသည့်တိုင် မမေးမြန်းဘဲနေခြင်း။ 

・စကားပြောရာတွင် မှတ်စုမ‌ရေးမှတ်ခြင်း။

・ပြောလာသည့်စကားကို ပြန်လည်ဖြေကြား (ပြန်ထူး)ခြင်း မရှိခြင်း။

 

အလုပ်နှင့်ပတ်သက်သော စကားပြောကြားရာတွင် အခြေခံလိုက်နာသင့်သည်များကို လိုက်နာ၍ အလုပ်ကို အဆင်

ပြေချောမွေအောင် ပြုလုပ်ကြပါစို့။