会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လမ်းမ၊ ပန်းခြံနှင့် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် ချွဲသလိပ်၊ တံတွေးထွေးခြင်းများ မပြုလုပ်ရန်

25.08.2020

လမ်းမ၊ ပန်းခြံနှင့် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် ချွဲသလိပ်၊ တံတွေးထွေးခြင်းများမပြုလုပ်ရန်

 

မြို့ထဲတွင် လမ်းသွားရင်း တံတွေးထွေးလေ့ရှိသူများကို တွေ့ရတတ်ပါသည်။ အချို့သူများမှာမူ လည်းချောင်းတွင်းရှိ သလိပ်နှင့်အတူ အသံထွက်ပြီး တံတွေးထွေးလေ့ ရှိကြပါသည်။ ထိုသို့သော မြင်ကွင်းများသည် အများအားဖြင့် ရှုမြင်ဖွယ်ရာ မကောင်းသော မြင်ကွင်းများ ဖြစ်ပါသည်။ 

 

လမ်းမ၊ ပန်းခြံစသည့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ချွဲသလိပ်တံတွေးထွးခြင်းသည်

ညစ်ပတ်၍ ကျန်းမာရေးအတွက် မကောင်းသောအပြုအမှုဖြစ်သည့်အတွက် မပြုလုပ်ပါနှင့်။  

 အိမ်နီးနားချင်းများအား စိတ်မသက်မသာ မဖြစ်စေရန်၊ အနှောင့်အယှက်မဖြစ်စေရန် အထူးဂရုပြုပါ။ လူအများရှေ့မှောက်တွင် “တပျစ်ပျစ်” ဖြင့်တံတွေးထွေးခြင်းများ မပြုလုပ်ရ။ တံတွေးထွေးခြင်းကို လုံးဝရပ်ပါ!

 

တံတွေးထွေးခြင်းသည် အခြားလူများအား စိတ်မသက်မသာ ဖြစ်စေသည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် တံတွေးထွေးခြင်းမှ ရှောင်ကြည်ရပါမည်။ 

 

စည်းကမ်းမဲ့ တံတွေးထွေးခြင်းသည် ဥပဒေချိုးဖောက်ရာ ရောက်ပြီး ထောင်ဒဏ် ၁ရက်မှ ရက် ၃၀ထိ သို့မဟုတ် ဒဏ်ငွေ ယန်း ၁၀၀၀ မှ ယန်း ၁သောင်းထိ ပေးဆောင်ရနိုင်ပါသည်။ လမ်းမ၊ ပန်းခြံနှင့် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် တံတွေးထွေးခြင်းမှ ရှောင်ကြဉ်ကြပါစို့။