会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်ကိုသတ်မှတ်ထားသောအချိန်ကာလအတွင်းပြီးမြောက်အောင်လုပ်ပါ။

01.09.2020

အလုပ်ကိုသတ်မှတ်ထားသောအချိန်ကာလအတွင်းပြီးမြောက်အောင်လုပ်ပါ။

 

အချိန်ကိုလေးစားလိုက်နာရုံသာမက ကတိပေးထားသာ အချိန်ကာလတွင် အလုပ်ကိုပြီးမြောက်စေရန်မှာ အလုပ်လုပ်ကိုင်နေသည့်သူများအတွက် ပြောရန်မလိုအပ်သည့် အရာတစ်ခုဖြစ်ပါသည်။ (အလုပ်ရှုပ်နေ သည့်အတွက် မိမိလက်ခံထားသည့်အလုပ်ကို နောက်မှပြုလုပ်ခြင်း) သို့မဟုတ် (ကတိပေးထားသောအချိ န်ကာလ ကျော်လွန်နေသော်လည်း မိမိသဘောအတိုင်း တဖက်သတ်ဆုံးဖြတ်၍ အချိန်ဆွဲခြင်း) စသည့်တို့ကို မပြုလုပ်ပါနှင့်။ 

“ သတ်မှတ်ချိန် (ပြီးစီးရန် သတ်မှတ်ထားသော နောက်ဆုံးအချိန်) ကို လိုက်နာရန်” အဘယ်‌ကြောင့် အရေးကြီးပါသလဲ? အကြောင်းမှာ “ သတ်မှတ်ချိန်ကိုအမြဲတမ်းလိုက်နာခြင်း=ပိုမိုယုံကြည်မှုရှိလာခြင်း” ကြောင့်ဖြစ်ပါသည်။ သတ်မှတ်ချိန် (ပြီးစီးရန် သတ်မှတ်ထား သော နောက်ဆုံးအချိန်) ကို လိုက်နာခြင်း” သည် အလုပ်လုပ်ကိုင်နေသမျှ အမြဲတမ်းတွဲလျက်ရှိနေမည့် အရာတစ်ခုလည်း ဖြစ်ပါသည်။ ဘယ်အချိန်တွင် ဘာကိုလုပ်မည်ဆိုတာကို အချိန်ကာလ သတ်မှတ်ပြီး ထိုအတိုင်းအလုပ်ကို ရှေ့ဆက်လုပ်မည်။ အလုပ်ပြီးစီးရန် သတ်မှတ်ထားသော နောက်ဆုံးအချိန်နှင့် အလုပ်အပ်ရမည့် သတ်မှတ်ချိန်တို့ကို လိုက်နာနိုင်သူသာအမှန်တကယ် အလုပ်လုပ်နိုင်သူမဟုတ်ပါလား။

 

ကျွန်ုပ်တို့အားလုံးအလုပ်လုပ်ရာတွင်ကတိပေးသတ်မှတ်ထားသော အချိန်ကာလကို လိုက်နာကြပါစို့။