OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ပန်းကန်လုံးနှင့် ခွက်များကို လက်ဖြင့်မ၍အသုံးပြုခြင်း။

08.09.2020

ပန်းကန်လုံးနှင့် ခွက်များကို လက်ဖြင့်မ၍အသုံးပြုခြင်း။

 

ဂျပန်လူမျိုးများသည် ထမင်းစားသောအခါတွင် ပန်းကန်လုံးကို ဘယ်လက်ဖြင့်မကာ၊ ညာလက်ဖြင့်တူကို အသုံးပြု၍ စားကြပါသည်။ ဂျပန်တွင် ကလေးငယ်ဘဝကတည်းက ကို ပန်းကန်လုံးကို လက်ဖြင့်မပင့်၍ မစားသောက်ပါက “ခွေးစားသလိုစားနေတယ်” ဟု ကြိမ်းမောင်းခံရလေ့ရှိပါသည်။ ဂျပန်စားစရာများကို စားသောက်ရာတွင် မပင့်ပြီးစားသောက်ရမည့် ပန်းကန်နှင့် ပုံမှန်အတိုင်း စားသောက်ရမည့် ပန်းကန်ဟူ ၍ရှိပါသည်။ ဥပမာအားဖြင့် ငါးကင်၊ ဆရှိမိ၊ အကြာ် စသည့် စားစရာများနှင့် အလတ်စားပန်းကန်၊ ပန်းကန်အကြီးများကို မပင့်၍

စားသောက်ခြင်းမှာ မသင့်လျော်သောအပြုအမှုဖြစ်ပါသည်။ 

ဂျပန်စတိုင်ဖြင့်စားသောက်ရာတွင် “ သပ်သပ်ရပ်ရှိခြင်းဖြင့် တဖက်လူအားစိတ်ငြိုငြင်မှုမရှိစေခြင်း”

မှာ အဓိကဖြစ်သည့်အတွက် စိတ်ငြိုငြင်စဖွယ်ဖြစ်စေမည့် အရာများကို မပြုလုပ်မိစေရန် ဂရုပြုပါ။  သူတစ်ပါး စိတ်ငြိုငြင်စေမည့်အရာများကို အတတ်နိုင်ဆုံး ဂရုပြုကာ ဂျပန်စားစရာများကို အရသာရှိစွာစားသုံးကြပါစို့။