OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်လုပ်နေစဥ် လက်ကိုင်ဖုန်း silent mode လုပ်ထားရန်

15.09.2020

အလုပ်လုပ်နေစဥ် လက်ကိုင်ဖုန်း silent mode လုပ်ထားရန်

 

ရုံးနှင့်လုပ်ငန်းခွင်အတွင်း လက်ကိုင်ဖုန်းအသုံးပြုသောအခါတွင် ခွင့်ပြုချက်ရယူပြီးမှ အသုံးပြုကြရပါမည်။ ဓါတ်လှေကားအ‌ရှေ့နှင့် ဧည့်သည်များရှိနေနိုင်သော Reception ဧည့်ကြိုကောင်တာအနီးတဝိုက်တို့တွင် အသံကျယ်ကျယ်ဖြင့် ဖုန်းပြောခြင်းသည် မယဉ်ကျေးသည့် အပြုအမူဖြစ်သဖြင့် လုံးဝရှောင်ကြဉ်ရပါမည်။ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ပုဂ္ဂိုလ်ရေးကိစ္စများအတွက် ဖုန်းပြောဆိုခြင်း မပြုရပါ။ ဖုန်းခေါ်ဆိုသံမြည်လျှင် အခြားသူများ အနှောက်အယှက်ဖြစ်စေနိုင်သည့်အတွက် အလုပ်လုပ်နေစဥ်အတွင်း ဖုန်းကို silent modeလုပ်ထားပြီး အလုပ်ကိုသာအာရုံစိုက်ကြပါစို့။ 

အလုပ်အချိန်အတွင်း ဖုန်းဖြင့် mailစစ်ခြင်းများပြုလုပ်ပါကလည်း အလုပ်မလုပ်ဘူးဟု ထင်မှတ်သွားနိုင်သည့်အတွက် လိုက်နာသင့်သည်များကို မဖြစ်မနေ လိုက်နာကြပါစို့။