OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

၂၄နာရီအသုံးပြုနိုင်သည့် ATM စက်များ (စက်အသုံးပြုခကျခံရပါမည်)

06.10.2020

၂၄နာရီအသုံးပြုနိုင်သည့် ATM စက်များ (စက်အသုံးပြုခကျခံရပါမည်)

 

ATMစက်ဆိုတာကတော့ တစ်နေရာတည်းမှာပင် အလွယ်တကူ ငွေသွင်း၊ ငွေထုတ် ပြုလုပ်နိုင်သော စက်ကိုဆိုလိုပါသည်။ ကမ္ဘာ့အနှံ့ မည်သည်နေရာတွင်မဆို ATM စက်များကို တွေ့မြင်နိုင်ပါသည်။ 

ဂျပန်နိုင်ငံတွင် နေသားမကျသေးသူများအနေဖြင့် ATM ရှိသည့်နေရာ၊ ဖွင့်ပိတ်ချိန်များကို မသိသေးသူများလည်းရှိပါလိမ့်မည်။ ဂျပန်မှာ ATM စက်တွေကို မည်သည့်နေရာမှာ အများဆုံးတွေ့မြင်နိုင်ပါသလဲ?

 

SEVEN ELEVEN ဆဲဗင်းအလဲဗင်း စတိုးဆိုင်များသည် တစ်နိုင်ငံလုံးတွင် ဆိုင်ပေါင်း ၁သောင်းခန့်ရှိပါသည်။ ထိုစတိုးဆိုင်တိုင်းမှာ ATMစက်များကိုထားရှိထားပါသည်။ ၂၄နာရီအသုံးပြုနိုင်ပြီး လိုအပ်သည့်အချိန်တိုင်း ငွေထုတ်ယူခြင်းများ ပြုလုပ်နိုင်သော်လည်း စက်အသုံးပြုခပေးရပါမည်။

 

・ဂျပန်စာတိုက်:တစ်နိုင်ငံလုံးတွင် စာတိုက်ပေါင်း ၂သောင်းခန့်ရှိပါသည်။ သာမာန်အားဖြင့် မနက်၉နာရီမှ ညနေ၄နာရီအထိ ဖွင့်လှစ်ထားပါသည်။ အများပြည်သူရုံးပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်တို့မှာတော့ ပိတ်လေ့ရှိပါတယ်။

 

・အခြားATMအသုံးပြု၍ရနိုင်သောနေရာများ:FamilyMartစတိုး၊ အခြားသောစျေးဝယ်

Shopping Centerများနှင့် Department Store များတွင် တွေ့ရနိုင်ပါသည်။ နိုင်ငံတကာ

လေဆိပ်များတွင်လည်း နိုင်ငံတကာမှအသုံးပြုနိုင်သော ATM စက်တပ်ဆင်ထားလေ့ ရှိပါသည်။

အချိန်မရွေး လက်ထဲတွင်ပိုက်ဆံကုန်ပြီး ပိုက်ဆံထုတ်ရန် လိုအပ်နိုင်သည့်အတွက် မိမိနေထိုင်ရာ အနီးနား၀န်းကျင်တွင် ATMစက် ရှိသည့်နေရာများကို ကြိုတင်ရှာဖွေထားသင့်ပါသည်။ ထိုသို့ ပြင်ဆင်ထားခြင်းအားဖြင့် ဂျပန်တွင် နေထိုင်ရလွယ်ကူပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါလိမ့်မည်။