会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ကုမ္ပဏီ၏ နှင့် ဧည့်သည်များ၏ ကိုယ်ရေးအကြောင်းအရာများအား ပြောဆိုခြင်းမှ ရှောင်ကြဥ်ခြင်း 

13.10.2020

ကုမ္ပဏီ၏ နှင့် ဧည့်သည်များ၏ ကိုယ်ရေးအကြောင်းအရာများအား ပြောဆိုခြင်းမှ ရှောင်ကြဥ်ခြင်း 

 

ဂျပန်မှာနေထိုင်စဥ်အတွင်း မရင်းနှီးသူများအား မိမိအမည်၊ အီးမေးလ်လိပ်စာ၊ နေထိုင်ရာလိပ်စာနှင့် ဖုန်းနံပါတ်များ ပြောပြခြင်းများ လုံးဝမပြုလုပ်ရပါ။ အင်တာနက်ပေါ်တွင်လည်း အလားတူ ရှောင်ကြဉ်ရပါမည်။ အထူးသဖြင့် ဖေ့စ်ဘုတ်စသည့် ဆိုရှယ်မီဒီယာ SNS ပေါ်တွင်လည်း မိမိပုဂ္ဂိုလ်ရေးအကြောင်းအရာများသာမက အခြားသူများ၏ အချက်အလက်များ၊ ကုမ္ပဏီတွင် အလုပ်လုပ်နေသူများအနေဖြင့်လည်း ကုမ္ပဏီကိစ္စနှင့် ဧည့်သည်များ၊ customer များ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခြင်းမဖြစ်စေရန် ပြောဆိုခြင်းမှ ရှောင်ကြဥ်ရမည်။ 

Blog နှင့် အင်တာနက်စာမျက်နှာစသည့်တို့တွင်  ကုမ္ပဏီနှင့် ဧည့်သည်များ၏ ဓါတ်ပုံများကို အခွင့်မရှိဘဲ မတင်ရ။

အခြားသောပြဿနာများကိုရှောင်ရှားရင်း အင်တာနက်ကို လုံခြုံစွာအသုံးပြုနိုင်ရန်အတွက် ကွန်ပျူတာ ဗိုင်းရပ်စ်ပိုးများ

ကိုလည်း သတိပြုသင့်ပါသည်။ သံသယဖြစ်ဖွယ်ကောင်းသော အင်တာနက်စာမျက်နှာနှင့် အီးမေးလ်များမှ ဖိုင်များကို

‌ဒေါင်းလုတ်ဆွဲယူခြင်း မသင်္ကာသော အီးမေးလ်နှင့်ဖိုင်တွဲများဖွင့်ကြည့်ခြင်းများကိုလည်း ရှောင်ကြဥ်ကြပါစို့။ 

ယခုဆောင်းပါးကိုဖတ်မှတ်၍ မိမိ၏ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့်ပတ်သက်၍ သူစိမ်းများကို အထူးသတိထားပါ။

ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပြောပြမိလိုက်ပါက လိမ်လည်မှုတွင် အသုံးချခံရခြင်းများရှိနိုင်သည့်အတွက် အထူးသတိပြုပါ။