ရထားပေါ်တွင် ပစ္စည်းများမေ့ကျန်သောအခါတွင်။
ရထားပေါ်မှဆင်းပြီးနောက် ထီး၊ လက်ကိုင်ဖုန်းများနှင့် ပစ္စည်းအိတ်များမေ့ကျန်ခဲ့သည်ကို သတိပြုမိသောအခါတွင် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကို မိတ်ဆက်ပေးပါမည်။
①ရထားပေါ်တွင် ပစ္စည်းမေ့ကျန်သောအခါ၌ ရှာဖွေရန် အောက်ပါအချက်(၃)ချက်ကို မှတ်သားထားပါ။ ရထားပေါ်မှ ဆင်းပြီးချက်ချင်း သတိပြုမိသောအခါမျိုးတွင် ဘူတာဝန်ထမ်းထံ အလျင်အမြန် အကြောင်းကြားပါ။
・မေ့ကျန်ပစ္စည်း သွင်ပြင်လက္ခဏာ (အရောင်၊ အရည်အသွေးစသည်)
・စီးခဲ့သောရထား (ထွက်ခွါသောအချိန်မိနစ်၊ ထွက်ခွါဆိုက်ရောက်နေရာ)
・မေ့ကျန်ခဲ့သောနေရာ (ရထားအတွဲနံပါတ်၊ ရထားဦးတည်ရာ၏ ဘယ်ဘက်သို့မဟုတ် ညာဘက်ခြမ်း)
➁ရထားဘူတာ၀န်ထမ်းသည် မကြာခင်ဆိုက်ရောက်မည့်ဘူတာဆီသို့ဆက်သွယ်၍ မေ့ကျန်ပစ္စည်းများကို ရှာဖွေပေးရန် တောင်းဆိုပါလိမ့်မည်။
③ပြန်လည်အကြောင်းကြားလာသည်အထိစောင့်ပါ။ ထိုနေရာတွင် စောင့်၍လည်းရသည်။ မစောင့်ဘဲ ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ပေး၍လည်း သွားနိုင်ပါသည်။
④မေ့ကျန်ပစ္စည်းများကို ရှာဖွေတွေ့ရှိမရှိကို ရှာဖွေပေးသည့် ဘူတာ၀န်ထမ်းများမှ ဆက်သွယ်ပေးပါလိမ့်မည်။
⑤မေ့ကျန်ပစ္စည်းများကို ရှာဖွေပေးသည့် ဘူတာတွင်သိမ်းဆည်းပေးထားမည် ဖြစ်သဖြင့် အချိန်ရသောအခါတွင် ပြန်လည်သွားရောက်ထုတ်ယူနိုင်ပါသည်။
ရထားပေါ်တွင်ပစ္စည်းမေ့ကျန်ခဲ့သောအခါတွင် ယခုဖော်ပြထားသောဆောင်ရွက်ချက်အတိုင်းအေးဆေးတည်ငြိမ်စွာ လုပ်ဆောင်ကြပါစို့။