会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အခန်းတံခါးခေါက်သည့် အကြိမ်အရေအတွက်နှင့်ပတ်သက်၍

03.11.2020

အခန်းတံခါးခေါက်သည့် အကြိမ်အရေအတွက်နှင့်ပတ်သက်၍

 

မိတ်ဆွေတို့ အစည်းအ‌ဝေးခန်းနှင့် အိမ်ခန်းများကို၀င်လျှင် တံခါးခေါက်လေ့ရှိမည်ဟုထင်ပါသည်။ထိုအခါမျိုးတွင် တံခါးခေါက်သည့်အကြိမ်အရေအတွက်နှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များကိုသိကြပါသလား?ကျွန်တော်တို့အားလုံး သာမာန်အားဖြင့် အခန်းအတွင်းသို့ မဝင်ခင် တံခါးခေါက်လေ့ရှိပါသည်။ နိုင်ငံတကာစံနှုန်းအရ တံခါးကို(၄)ကြိမ် ခေါက်လေ့ရှိသော်လည်း ဂျပန်နိုင်ငံတွင်မှု တံခါးခေါက်သည့် အကြိမ်အရေအတွက်နှင့် ပတ်သတ်ပြီး နိုင်ငံတကာ စံနှုန်းနှင့် အနည်းငယ်ကွဲပြားမှုရှိပါသည်။ 

အချို့ဂျပန်လူမျိုးများအနေဖြင့် တံခါးကို ( ၂ )ကြိမ်သာအခေါက်ခံရလျှင် စိတ်ဘဝင်မကျတတ်သူများလည်း ရှိကြပါသည်။ 

အကြောင်းမှာ တံခါး ( ၂ )ကြိမ်ခေါက်သည့် အပြုအမှုသည် အိမ်သာတွင် လူရှိမရှိစစ်ဆေးချိန်တွင် ပြုလုပ်လေ့ရှိသည့် အပြုအမူဖြစ်သည်။ ဂျပန်နိုင်ငံလုပ်ငန်းခွင်များတွင် သာမာန်အားဖြင့် တံခါးကို ( ၃ ) ကြိမ် ခေါက်လေ့ရှိပါသည်။ 

နိုင်ငံတကာစံနှုန်းအရတခါးခေါက်ကြိမ်နှုန်း (၄)ကြိမ်ဖြစ်ပြီး အဘယ်ကြောင့်ဂျပန်နိုင်ငံတွင် (၃) ကြိမ်သာ ခေါက်ကြပါသလဲ? ဂျပန်တွင်မူ  (၄) ကြိမ်သည် အကြိမ်ရေများလွန်းသည်ဟု ယူဆသောကြောင့် (၃) ကြိမ်သာခေါက်ကြခြင်းဖြစ်သည်။ 

လုပ်ငန်းခွင်ရှိ အစည်းအဝေးများ၌ အခန်းအတွင်းသို့မဝင်ခင် တံခါးကို ဖြည်းညင်းစွာ ( ၃ ) ကြိမ်ခေါက်ရပါမည်။ သာမာန်အားဖြင့် “Dozo” ဟု ဝင်ရန်ခွင့်ပြုကြောင်း အသံပြုလျှင် မိမိမှ “Shitsureiitashimasu” ဟု ခွင့်တောင်းစကားဆို၍ အခန်းတွင်း ဝင်ပါမည်။ ဝင်ပြီးနောက် တံခါးကို ပြန်ပိတ်ရပါမည်။ 

 

မိတ်ဆွေတို့လည်း အစည်းအဝေးအခန်းတံခါးကို ခေါက်ရာတွင် အလုပ်ခွင်အတွင်းမှလူများအား စိတ်ဘဝင်မကျ မဖြစ်စေရန် အပေါ်မှာ ပြောသွားသည့် အချက်များကိုလိုက်နာကျင့်သုံးရန် တိုက်တွန်းလိုပါသည်။