会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အငှားယာဥ်(Taxi) ငှားစီးနည်း။

10.11.2020

  1. အငှားယာဥ်(Taxi) ငှားစီးနည်း။
  2.  

ဂျပန်နိုင်ငံ၌သွားလာရာတွင် ရထားကိုအများဆုံးအသုံးပြုကြသော်လည်း ထိုရထားများအားလုံးသည် ညသန်းခေါင်ချိန်အထိသာပြေးဆွဲကြပါသည်။ ထိုအချိန်တွင် အိမ်သို့ပြန်လိုခြင်း၊ရုတ်တရက်တစ်နေရာရာကို သွားရန်လိုအပ်သောအခါမျိုးတွင် Taxi ငှားစီး၍ အဆင်ပြေချောမွေ့စွာသွားရောက်နိုင်ပါသည်။ညနက်ချိန်သွားလာရာတွင် Taxiကိုသာအများဆုံးအသုံးပြုသည့်အတွက် Taxiစီးရန်နေရာများတွင်စီတန်းနေသောလူများပြားခြင်း၊ အချိန်ကြာမြင့်စွာစောင့်ရခြင်းများရှိနိုင်ပါသည်။ ထိုသို့သောအခြေအနေမျိုးသည် သောကြာနေ့နှင့် စနေနေ့လိုမျိုးရက်များတွင်ဖြစ်လေ့ရှိသည်။

Taxi ငှားစီးနည်း။

လမ်းတွင်လက်တား၍ ခေါ်ယူငှားစီးနိုင်သလိုTaxi ငှားစီးနေရာများမှလည်း စောင့်၍ငှားစီးနိုင်ပါသည်။ Taxiငှားစီးရာတွင် ထိုကားငှား၍ရမရကို ကား၏အရှေ့မှန်အောက်ဘက်ရှိအသိပေးဆိုင်းဘုတ်ကို ကြည့်၍သိရှိနိုင်ပါသည်။ ဆိုင်းဘုတ်တွင် အနီရောင်ဖြင့် “空車”ဟုရေးထားလျှင် ငှားစီး၍ရနိုင်ပါသည်။ အစိမ်းရောင်ဖြင့် “賃走”ဟုရေးထားလျှင် ငှား၍မရနိုင်ပါ။

ဖုန်း၊ application ကိုအသုံးပြု၍သော်လည်းကောင်း၊ Hotel မှတဆင့်သော်လည်းကောင်းငှားစီးခြင်းများပြုလုပ်နိုင်ပါသည်။ 

Taxiကားများတွင် ယာဥ်မောင်းသည် နေရာမှထိုင်၍ ဘယ်ဘက်ရှိ ကားတံခါးများကိုခလုတ်ဖြင့်ဖွင့်ပိတ်၍ရအောင် ပြုလုပ်ထားပါသည်။ ဂျပန်လိုပြောရန် မိမိကိုယ်ကိုယ်ယုံကြည့်မှုမရှိပါက ယာဥ်မောင်းကို သွားရောက်မည့်နေရာ၏ လိပ်စာ၊ မြေပုံကိုလက်ညိုးထိုးညွန်ပြခြင်းများပြုလုပ်၍ ပို့ဆောင်ခိုင်းပါ။ပိုက်ဆံပေးချေခြင်းကို ငွေသား၊ Credit Card များဖြင့်လည်း ပေးချေနိုင်ပါသည်။ အချို့သောTaxiကားများတွင် IC ကဒ်များဖြင့်လည်း ပေးချေခြင်းများပြုလုပ်နိုင်ပါသည်။ ဂျပန်နိုင်ငံတွင်

ဘောက်ဆူး(သဒ္ဓါကြေး)ပေးခြင်းယဥ်ကျေးမှုမရှိသည့်တွင် ကျေးဇူးတင်ကြောင်းကို စကားလုံးဖြင့်သာဖော်ပြရန် လိုအပ်ပါသည်။

Taxi ရှိသည့်အတွက် နောက်ဆုံးရထားနောက်မမှီမှာကို စိုးရိမ်ရန်မလိုပါ။ သို့သော်လည်းည ၁၀ နာရီနောက်ပိုင်းတွင် Taxi ငှားစီးခသည် ပုံမှန်ထက်စျေးနှုန်းကြီးမြင့်သည်ကို အထူးသတိပြုပါ။ တခြားပို့ဆောင်ဆက်သွယ်ရေးများနှင့်နှိုင်းယှဥ်လျှင် Taxi ငှားစီးခစျေးနှုန်း ကြီးမြင့်ပါသည်။ သို့သော်လည်း Taxi ငှားစီးခြင်းသည် တခြားနေရာများတွင်ရပ်နားခြင်းမရှိဘဲ မိမိသွားရောက်မည့်နေရာကို ရောက်ရှိအောင် ပို့ဆောင်ပေးပါလိမ့်မည်။