会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

မိမိကုမ္ပဏီရှိပစ္စည်းများကို တန်ဖိုးထားပါ။

17.11.2020

မိမိကုမ္ပဏီရှိပစ္စည်းများကို တန်ဖိုးထားပါ။

 

မည်သည့်အလုပ်ခွင်တွင်မဆို အလုပ်လုပ်ရာတွင် ပစ္စည်းကိရိယာအမျိုးမျိုးကို အသုံးပြု ကြပါသည်။ ထိုပစ္စည်းကိရိယာများထဲမှ တစ်ခုခုမရှိလျှင်အလုပ်လုပ်လို့မရဖြစ်သွားနိုင်သည်မ ဟုတ်လား?နေ့စဥ်အလုပ်လုပ်ရာမှာ ပစ္စည်းတိုင်းကို တန်ဖိုးထား၍ အသုံးပြုကြပါစို့။ ထိုပစ္စည်းများကို ကျွမ်းကျင်စွာအသုံးပြုနိုင်အောင်လည်း လေ့လာထားပါ။ ကုမ္ပဏီမှပေးအပ်ထားသောပစ္စည်းများဟာ မိမိကိုယ်ပိုင်၀ယ်ယူထားသောပစ္စည်းမဟုတ်ပဲ မိမိအားအခမဲ့ ငှားရမ်းပေးထားသော ပစ္စည်းများသာဖြစ်ပါ သည်။မိမိပစ္စည်းဆိုလျှင် တန်းဖိုးထားအသုံးပြု၍ ကုမ္ပဏီပစ္စည်းဆိုလျှင် ပရမ်းပတာအသုံးပြု ခြင်းမျိုးမဖြစ်အောင် တန်ဖိုးထားကိုင်တွယ်အသုံးပြုကြပါစို့။ အားလုံးမျှဝေအသုံးပြုတဲ့ ပစ္စည်းဖြစ်တဲ့အတွက်ကြောင့် တန်ဖိုးထားအသုံးပြုရန်မှာ အရေးကြီးသည်။