会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

Chourei 

08.12.2020

Chourei 

 

အားလုံး Chourei ဆိုတဲ့စကားလုံးအဓိပ္ပယ်ကို ဘယ်လိုသိရှိနားလည်ထားပါသလဲ?

 

အလုပ်ကိုချောမွေ့စွာလုပ်ကိုင်နိုင်စေဖို့ လက်ရှိလုပ်နေတဲ့အကြောင်းအရာများအားလုံးကို အဖွဲ့၀င်၀န်ထမ်းများအားလုံးရှေ့မွာ သိရှိစေရန်ပြောဆိုတဲ့နေရာပဲဖြစ်ပါတယ်။သာမာန် Chourei ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အစီအစဥ်ကို မိတ်ဆက်ရေးသားဖော်ပြသွားပါမယ်။ 

Chourei ဆိုတာက သာမာန်အားဖြင့် မနက်ခင်းမှာ အလုပ်ရှိအဖွဲ့၀င်၀န်ထမ်းများအားလုံးပါ၀င်တဲ့ အစည်းအဝေးပဲဖြစ်ပါတယ်။ သာမာန်အားဖြင့် Chourei ကို အလုပ်မစခင်မနက်ခင်း ပြုလုပ်ပါတယ်။ အဖွဲ့၀င်အလုပ်သမားအားလုံး စုရုံးကာ ဌာနတစ်ခုချင်းစီရဲ့ ခေါင်းဆောင်များက လာမည့်အပတ်မှာလုပ်မည့်လုပ်ငန်းစဥ်နှင့် ရည်ရွယ်ချက်များကို ပြောကြားပါတယ်။ ထိုသို့ပြောကြားခြင်းအားဖြင့် အဖွဲ့၀င်၀န်ထမ်း များအားလုံးဟာလည်း လုပ်ငန်းစဥ်နှင့် ရည်ရွယ်ချက်များရှင်းရှင်းလင်းလင်းသိရှိနားလည်သွားပြီး အလုပ်

ကိုအဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်တဲ့အကျိုးရလာဒ်များ ရရှိလာမှာဖြစ်ပါတယ်။ အလုပ်ခွင်အတွင်း အလုပ်စဝင်တဲ့ရက်မှာပဲ လူအများရှေ့မှာ မိမိကိုယ်ကိုမိတ်ဆက်ခိုင်းခြင်းများလည်းရှိတတ်ပါတယ်။ အဲဒီအတွက်လည်း လူအများရှေ့ပြောဆိုနိုင်စေဖို့  ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။