လမ်းလျှောက်သူများအတွက် အခြေခံစည်းမျဥ်းစည်းကမ်းများ။
・သတ်မှတ်ထားသော လမ်းအလျှောက်နေရာတွင် လျှောက်ပါ။ ။
・လျှောက်လမ်းမရှိသောနေရာများတွင် လမ်းအစွန်ဖက်မှနေ၍ လျှောက်ပါ။
・အလျင်စလိုဖြစ်နေသောအခြေအနေတွင်လည်း လမ်းမီးပွိုင့်အချက်ပြများကို မဖြစ်မနေလိုက်နာပါ။
・လမ်းမီးပွိုင့်ရှိသောလမ်းဖြတ်ကူးနေရာများတွင် လမ်းဖြတ်ကူးသောအခါ အချက်ပြမီး အစိမ်းရောင်မှဖြစ်မှသာ ဖြတ်ကူးပါ။ အချက်ပြမီး အစိမ်းရောင်မိတ်တုတ်မိတ်တုတ်ဖြစ်နေချိန်တွင်မှ စတင်လမ်းဖြတ်ကူးခြင်း မပြုလုပ်ပါနှင့်။ ဖြတ်ကူးနေစဥ် အချက်ပြမီးမိတ်တုတ်မိတ်တုတ်ဖြစ်နေလျှင် လျှင်မြန်စွာ လမ်းတစ်ဖက်ခြမ်းသို့ ဖြတ်ကူးပါ။ သို့မဟုတ် မူလနေရာသို့ လျှင်မြန်စွာပြန်ဆုတ်ပါ။
・ခလုတ်နှိပ်၍ရသောမီးပွိုင့်များတွင် ခလုတ်နှိပ်၍ မီးစိမ်းသည်အထိစောင့်ကာ လမ်းဖြတ်ကူး
ပါမည်။
・လမ်းမကြီးကိုဖြတ်ကူးသောအခါတွင် လမ်း၀ဲယာကိုကြည့်၍ ကားအသွားအလာကိုကြည့်ရှု့စစ်ဆေးပါ။ ကားရပ်ပြီးပြီလားဆိုတာကို ကြည့်ရှု့၍ စိတ်ချရမှသာ လမ်းဖြတ်ကူးပါ။
・လမ်းကူးမျဥ်းအတိုင်းလမ်းဖြတ်ကူးပါ။ ဖြတ်ကူးရန်တားမြစ်ထားသောနေရာများကို လုံး၀မဖြတ်ကူးပါနှင့်။
・ထောင့်ဖြတ်လမ်းဖြတ်ကူးခြင်း မပြုလုပ်ပါနှင့်။
・ရပ်နားထားသောကားများကြားမှ လမ်းဖြတ်ကူးခြင်းသည် အလွန်အန္တရာယ်များသည့်အ တွက်လုံး၀ပြုလုပ်ပါနှင့်။
・ကား၊ဘတ်စ်ကားများမှ ဆင်းပြီးနောက် လမ်း၏အခြားတစ်ဖက်ခြမ်းကိုဖြတ်ကူးရန်ကြိးစားသောအခါတွင် ထိုအရှေ့တည့်တည့်နှင့် အနောက်တည့်တည့်များမှ မဖြတ်ကူးပါနှင့်။
・မီးရထားဖြတ်ကူးလမ်းများကို ဖြတ်ကူးသူများသည် မဖြတ်ကူးခင်ရပ်၍ ၀ဲယာကို ကြည့်ရှု့စစ်ဆေးပြီးမှ ဖြတ်ကူးပါ။ အချက်ပေးအသံမြည်၍ လမ်းတားဂိတ်တံစတင်ကျဆင်းလာချိန်လုံး၀မဖြတ်ကူးပါနှင့်။
・ညအချိန်များတွင် သင်ထင်သည့်အတိုင်းမဟုတ်ဘဲ ကားမောင်းသမားများသည် သင့်အားမြင်တွေ့ရန်ခက်ခဲနိုင်ပါသည်။ထို့အတွက်ညအချိန်လမ်းလျှောက်သောအခါတွင်တောက်ပ သောအ၀တ်အစားများကို ၀တ်ဆင်ကြပါ။
・မိုးရွာသောနေ့များတွင် သဲကွဲစွာမမြင်ရနိုင်သည့်အတွက် ယာဥ်မောင်းသမားများမြင်ရလွယ်ကူစေရန် ပေါ်လွင်တောက်ပသောမိုးကာအင်္ကျီအရောင်များ
ကို၀တ်ဆင်ကြပါစို့။ထို့အပြင်လမ်းမျက်နှာပြင်ချော်နေနိုင်သည့်အတွက်ကားနှင့်ဝေးကွာစွာရပ်နားခြင်း၊လမ်း လျှေက်သူများလည်းလမ်းလျှောက်လွယ်ကူစေရန်ပြုလုပ်မည်။အန္တရာယ်များသောလမ်းဖြတ် ကူးခြင်းများနှင့် လမ်းမပေါ်သို့ရုတ်တရက်ပြေးထွက်ခြင်းများမပြုလုပ်ရန် သတိပြုကြပါစို့။
※အန္တရာယ်ကင်းရန် လမ်းလျှောက်သူများအတွက် ချမှတ်ထားသော အခြေခံစည်းမျဥ်းစည်းကမ်းများကို လိုက်နာကြပါ။