会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ဖုန်းလက်ခံပြောဆိုနည်း(ယေဘုယျအားဖြင့်)

22.12.2020

ဖုန်းလက်ခံပြောဆိုနည်း(ယေဘုယျအားဖြင့်)

ဖုန်းလက်ခံပြောဆိုနည်းသည်လည်း အလုပ်လုပ်သူများအနေဖြင့် မှတ်သားထားသင့်သည့် အရာတစ်ခုဖြစ်ပါသည်။

 

・ဖုန်းလက်ခံပြောဆိုရာတွင် မိမိသည် ကုမ္ပဏီ၏ကိုယ်စားပြုသူအနေဖြင့် ပြောဆိုနေကြောင်းနားလည်သဘောပေါက်ပါ။

・ဖုန်းခေါ်ဆိုမြည်သံ ၃ ကြိမ်အတွင်းဖုန်းကိုင်နိုင်အောင်ပြုလုပ်ပါ။ ပထမဦးစွာ ယဥ်ကျေးစွာနှုတ်ဆက်စကားပြောကြားပါ။ အရေးကြီးသောအရာများကို မှတ်စုမှတ်ပါ။ 

・၃ကြိမ်အတွင်းဖုန်းမကိုင်နိုင်ခြင်းနှင့် ဖုန်းကိုင်ရန်နောက်ကျနေသောအခါမျိုးတွင် ပထမဦးစွာ ဂျပန်ဘာသာစကားဖြင့် ”Taihen Omataseishimashita” ဟုတောင်းပန်စကားပြောကြားရန်မမေ့ပါနှင့်။ 

・ဖုန်းလွဲပြောင်းသောအခါမျိုးတွင် “保留” ကိုမနှိပ်ခင် “Shosho Omachikudasai” ဟုပြောရန်မမေ့ပါနှင့်။ ဖုန်းလွဲပြောင်းကိုင်မည့်သူသည် ထိုင်ခုံနေရာ၌ မရှိသောအခါများတွင် ထိုသူပြန်ရောက်အချိန်ကို ပြောပြ၍ပြန်ရောက်သောအခါတွင် ဖုန်းပြန်လည်ဆက်ခိုင်းရမလား ဆိုသည်ကို မေးမြန်းပါ။

・ဖုန်းပြောဆိုရာတွင် မိမိနားမလည်သည့်အကြောင်းအရာများပါရှိပါက သက်ဆိုင်သူထံမေးမြန်း၍ ပြန်လည်ဖြေဆိုမည်ဖြစ်ကြောင်းအသိပေးပြောကြားပါ။ ပထမဆုံးအကြိမ်တွင်မှုစိတ်လှုပ်ရှားနိုင်ပါသည်။ အကြိမ်ဖန်များစွာဖြစ်လာပါက အလိုအလျောက် သင့်တင်

 

သောစကားလုံးများထွက်လာပါလိမ့်မည်။ ဖုန်းခေါ်ဆိုရာတွင် အသုံးပြုသောစကားများနှင် အပြုအမှုများကိုထိန်းချုပ်၍ ဖုန်းပြောခြင်းအတွေ့အကြုံများကိုများပြားလာစေရန်ပြုလုပ်ပါ။