会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ယာဉ်မတော်တဆမှု နှင့် ကြုံတွေ့ခဲ့လျှင်၁။ ရဲဌာနသို့ အကြောင်းကြားခြင်း

29.12.2020

ယာဉ်မတော်တဆမှု နှင့် ကြုံတွေ့ခဲ့လျှင်၁။ ရဲဌာနသို့ အကြောင်းကြားခြင်း

 

ယာဉ်မတော်တဆမှု ကျူးလွန်သူမှ ရဲဌာနအား မဖြစ်မနေ အကြောင်းကြားရန်လိုအပ်သလို တိုက်ခံရသူမှလည်း အကြောင်းကြားရန် လိုအပ်ပါသည်။ အခြားယာဉ်များအား အနှောင့်အယှက်မဖြစ်နိုင်သည့် နေရာတွင် ယာဉ်ကို ရပ်တန့်ထားပါ။ ဖုန်းနံပါတ် ၁၁၀ ရဲဌာနသို့ဆက်သွယ်အကြောင်းကြားပါ။ ဒဏ်ရာရသူရှိလျှင် အရေးပေါ် လူနာတင်ယာဉ် လွှတ်ပေးရန် အကူအညီတောင်းပြီး ဒဏ်ရာရသူ အန္တရာယ်ကင်းအောင် ဆောင်ရွက်ရမည်။

 

၂။ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို စစ်ဆေးမှတ်သားခြင်း

တာဝန်ရှိရဲများ ‌ရောက်လာသည့်အချိန်အထိ ဖြစ်ပွားရာနေရာတွင် နေပါ (ဒဏ်ရာရနေချိန်မှအပ)။ ရဲများရောက်လာလျှင် အခင်းဖြစ်ပွားရာနေရာကို  စစ်ဆေးပါမည်။ ရဲလာသည်အထိစောင်းဆိုင်းရန် ပျက်ကွက်ခဲ့ပါက အာမခံကြေးရရှိရန် ခက်ခဲပါလိမ့်မည်။ 

 

၃။ အပြန်အလှန် မိတ်ဆက် အတည်ပြုခြင်း

ယာဉ်မတော်တဆမှုတွင်ပါဝင်သော တစ်ဘက်လူ၏ ဖော်ပြပါအချက်အလက်များကို အပြန်အလှန် မိတ်ဆက်ပြီး ရယူထားပါ။

・အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ် 

・ယာဉ်မတော်တဆဖြစ်သည့် ကားနံပါတ်

・အလုပ်အမည်၊ အလုပ်လိပ်စာ နှင့် ဖုန်းနံပါတ်

※(အလုပ်ချိန်အတွင် ဝန်ထမ်းမှ ယာဉ်မတော်တဆမှု ကျူးလွန်ခဲ့ပါက ကျူးလွန်သူ ဝန်ထမ်းသာမက အလုပ်ရှင်တွင်ပါ တာဝန်ရှိပါသည်။ )

ကျူးလွန်သူအားလည်း မိမိ၏အမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို ပေးပါ။  

၄။ အခင်းဖြစ်ပွားသည့် အကြောင်းအရာတို့ကို မိမိဘာသာ မှတ်သားခြင်း 

အခင်းဖြစ်ပွားသည့် အကြောင်းတို့မှာ မေ့လွယ်သဖြင့် မိမိဘာသာ ရေးမှတ်ထားခြင်း၊ ဓါတ်ပုံရိုက်ယူထားခြင်း စသည့် သက်သေအဖြစ် ကျန်ရစ်စေနိုင်သည့် မှတ်သားမှုတို့ကို ပြုလုပ်ပါ။ ထိုမှတ်တမ်းများကို နစ်နာကြေး လက်ခံရရှိပြီးချိန်အထိ သေသေချာချာသိမ်းထားပါ။ 

 

၅။ ဆေးထောက်ခံစာ ရယူခြင်း

ယာဉ်တိုက်မှု ဖြစ်ပွားခါစတွင် ဒဏ်ရာမဖြစ်စလောက်ဟု ထင်မိသော်လည်း အချိန်အနည်းငယ်ကြာမှ ဒဏ်ရာကြီးကြီးမားမား ရထားသည်ကို သတိပြုမိသည့် အဖြစ်အပျက်များလည်းရှိပါသည်။ ထို့ကြောင့် ဖြစ်ပြိးပြီးချင်း ဆေးရုံသို့ သွားရောက်ပြသစစ်ဆေးပါ။ 

ယာဉ်တိုက်မှုကြောင့် ရရှိသော ဒဏ်ရာများအတွက် ဆေးကုသမှု ကုန်ကျစရိတ်ကို တစ်ဘက်လူနှင့် အာမခံကုမ္ပဏီအား တောင်းခံသည့် အချိန်တွင် ဆေးထောက်ခံစာလိုအပ်ပါသည်။   ထို့ကြောင့် အနည်းအကျဉ်းမျှ ထိခိုက်မိလျှင်လည်း ဆရာဝန်ထံမှ ဆေးစစ်မှုခံယူပြီး ဆေးထောက်ခံစာရယူထားပါ။ 

 

၆။ အလုပ်မှ ထောက်ခံစာ ရယူခြင်း

အလုပ်မသွားနိုင်လောက်အောင် ဒဏ်ရာရရှိထားလျှင် အလုပ်လုပ်သည့် ကုမ္ပဏီသို့ဆက်သွယ်ပြီး အလုပ်မှထောက်ခံစာ တောင်းခံပါ။ ထိုထောက်ခံစာကို ပြပြီး တစ်ဘက်လူနှင့် အာမခံကုမ္ပဏီသို့  အလုပ်ပျက်ကွက်သည့်အတွက် နစ်နာကြေးတောင်းခံနိုင်ပါသည်။

 

※ ယာဉ်မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့လျှင် တစ်ဘက်ကျူးလွန်သူ၏ ပေးလျော်ရန်တာဝန်ရှိမှုအာမခံနှင့် မိမိဆန္ဒအလျောက်ထားသောအာမခံဖြင့် နစ်နာကြေး ရရှိပါမည်။

※ အလုပ်ချိန်နှင့် အလုပ်အသွားအပြန်အချိန်အတွင်း ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ခဲ့လျှင် အလုပ်သမား ထိခိုက်ဒဏ်ရာအာမခံလျော်ကြေးစနစ်မှ လျော်ကြေးငွေရရှိပါမည်။