会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ပိုက်ဆံခွဲရှင်းခြင်းဓလေ့။

24.12.2020

  1. ပိုက်ဆံခွဲရှင်းခြင်းဓလေ့။

 

မိတ်ဆုံအရက်သောက်ပွဲ၊ ကာရာအိုကေစသည့်တို့အတွက် ဖိတ်ကြားခံရသောအခါမျိုးတွင် ကျသင့်ငွေကို မိမိတစ်ဦးစာအတွက် မိမိဘာသာအကုန်ကျခံရှင်းရသည့် ဓလေ့ရှိသည်ကို မှတ်သားထားကြပါစို့။ဂျပန်တွင် စားသောက်သောအခါတွင်ဖြစ်စေ၊ ကာရာအိုကေစသည့်နေရာများကိုအတူသွားသောအခါတွင်ဖြစ်စေ ပိုက်ဆံခွဲရှင်းသည့် ဓလေ့ရှိပါသည်။ စားသောက်ဆိုင်များတွင် စား

သောက်ပြီးစီးလျှင် ဆိုင်၀န်ထမ်းများက ငွေရှင်းဘောင်ချာထုတ်ပေးပါလိမ့်မည်။ ဦးရေများပါက ထိုစား‌သောက်ခုံတွင်ပင် တစ်ဦးစီကျသင့်ငွေတွက်ချက်၍ပိုက်ဆံခွဲရှင်းခြင်းက ပို၍အဆင်ပြေစေပါသည်။ ၂ယောက် ၃ယောက်ဆိုလျှင် ငွေရှင်းကောင်တာတွင် တစ်ဦးစိကျသင့်ငွေကိုတွက်ချက်ရှင်းလင်းနိုင်ပါသည်။ ကောင်တာ‌‌ရှေ့တွင် “べつべつ おねがいします。”

ပြောလျှင် ဆိုင်၀န်ထမ်းမှတစ်ဦးချင်းကျသင့်ငွေကို တွက်ချက်ပေးပါလိမ့်မည်။ ထိုကျသင့်ငွေအတိုင်းရှင်းလိုက်ပါ။ မိတ်ဆွေတို့နိုင်ငံတွင်လည်း ပိုက်ဆံခွဲရှင်းတဲ့ ဓလေ့ရှိပါသလား?