会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

(Kaisha deno nomakai)ကုမ္ပဏီမှလူများနှင့်အတူ မိတ်ဆုံသောက်ပွဲတွင် လိုက်နာရန်အချက်များ။

05.01.2021

(Kaisha deno nomakai)ကုမ္ပဏီမှလူများနှင့်အတူ မိတ်ဆုံသောက်ပွဲတွင် လိုက်နာရန်အချက်များ။

 

Kaisha no nomikai ဆိုသည်မှာ လုပ်ဖော်ကိုင်ဖက်နှင့် အထက်လူကြီးများ၏ဖိတ်ခေါ်မှုအရအခွင့်ကြုံကြိုက်၍ အတူတူသောက်စားခြင်းကိုဆိုလိုပါသည်။ ထိုသို့မိတ်ဆုံသောက်ပွဲများတွင်ပါ၀င်ဆင်နွဲပါက အောက်ပါအချက်များကိုလိုက်နာဆောင်ရွက်ပါ။ 

 

  1. 1.အထက်လူကြီးများကို မဖြစ်မနေ Kamiza(အတွင်းဘက်ကျဆုံးခုံ)တွင်ထိုင်ရန်နေရာပြင်ပေးပါ။ ထို့နောက် မိမိက Shimoza(ထွက်ပေါက်နှင့်အနီးဆုံးနေရာ)တွင်ထိုင်ပါ။ 

2.Cheersလုပ်သောအခါတွင် မိမိဖန်ခွက်ကို အထက်လူကြီးများ၏ဖန်ခွက်အောက် အနည်းငယ်

နိမ့်၍ လုပ်ပါ။ 

3.လုပ်ဖော်ကိုင်ဖက်နှင် အထက်လူကြီးများ၏ခွက်တွင် သောက်စရာများကုန်နေလျှင် ငှဲ့ပေးခြင်းများပြုလုပ်ပါ။ ထို့နောက် တစ်ခုခုမှာအုံးမလားဟု မေးမြန်းပါ။

4.အထက်လူကြီး၏ခွက်ထဲသို့ အရက်ငှဲ့ပေးသောအခါတွင် အရက်ဘူးကိုလက်နှစ်ဖက်ဖြင့်မ၍ သောက်မည့် ပမာဏအထိ ငှဲ့ပေးပါ။ 

5.အထက်လူကြီးမှ မိမိအားငှဲ့ပေးသောအခါများလည်းရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ဖန်ခွက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်၍ ငှဲ့ခြင်းကို လက်ခံယူပါ။ 

6.အရက်ကြောင့်စိတ်ခံစားမှုမြင့်တက်လာခြင်းများရှိနိုင်သည့်တွက် အထက်လူကြီးများသို့စကားပြောဆိုရာတွင် စကားလုံးအသုံးအနှုန်းများကို သတိပြုပါ။ 

 

မိတ်ဆွေတွေရော ဘယ်လိုထင်ပါသလဲ?  အကယ်၍ မိတ်ဆုံသောက်ပွဲများတွင် အဖိတ်ခံရလျှင် ထိုလေ့လာထားသော အပြုအမှုများကိုမှတ်သားရင် ကုမ္ပဏီမှသူငယ်ချင်းများနှင့် အတူတကွပျော်ရွင်စွာစားသောက်နိုင်ပါသည်။