လက်ကိုင်ဖုန်း၊ စမတ်ဖုန်းအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ။
ယနေ့ခေတ်တွင် လူတိုင်းလိုပင် စမတ်ဖုန်းကို အသုံးပြုနေကြပါသည်။ အချိန်မရွေး၊ နေရာမရွေးအသုံးပြုနေကြသည်ကို မြင်တွေ့နိုင်ပါသည်။ လက်ကိုင်ဖုန်း၊ စမတ်ဖုန်းများကို အသုံးပြုရာတွင် အချိန်နှင့်နေရာအလိုက် အသုံးပြုရာတွင်လိုက်နာသင့်သည်များကို သိရှိနားလည်ထားပါ။ အခြားသောသူများကို အနှောက်အယှက်မဖြစ်စေသောနည်းလမ်းများဖြင့် အသုံး
ပြုကြပါစို့။
・လမ်းလျှောက်ရင်းဖုန်းအသုံးပြုခြင်းကို မပြုလုပ်ပါနှင့်။
・ကိုယ်ပိုင်ကား၊မော်တော်ဆိုင်ကယ်နှင့်စက်ဘီးစီးနင်းနေစဥ်အတွင်းလက်ကိုင်ဖုန်းအသုံးပြု ခြင်းကို ရှောင်ကြဥ်ပါ။
・ဘူတာ၊ရထားပေါ်နှင့် ဘတ်စ်ကားပေါ်တွင် စီးနင်းလိုက်ပါနေသောသူများ အနှောက်အယှက်ဖြစ်စေနိုင်သော ဖုန်းပြောခြင်းများ မပြုလုပ်ပါနှင့်။ ဖုန်းလာနိုင်သည်ဟု ယူဆရသောအခါတွင်silent mode လုပ်ထားပါ။ ဦးစားပေးထိုင်ခုံအနီးနှင့် ရထားပေါ်တွင်လူပြည့်ကျပ်နေသောအခါတွင် ဖုန်းpower ပိတ်ထားမည်။
・ဆေးဝါးကုသမှုနှင့်ဆိုင်သောနေရာများတွင်လက်ကိုင်ဖုန်းအသုံးပြုခြင်းစည်းမျဥ်းစည်းကမ်းများကို လိုက်နာပါ။
・လုံခြုံရေးအရ လေယာဥ်ပေါ် တွင် စမတ်ဖုန်း၊ လက်ကိုင်ဖုန်းများကို အသုံးမပြုရ။
・အများပြည်သူပိုင်နေရာများတွင် ခွင့်ပြုချက်မရှိဘဲ ဓါတ်ပုံရိုက်ယူခြင်းများမပြုလုပ်ရ။ခွင့်ပြုချက်ရမှ ဓါတ်ပုံရိုက်ယူလို့ရနိုင်သည့်နေရာများရှိနိုင်သည့်အတွက် ထိုနေရာရှိညွန်ကြားချက်များကိုဖတ်ရှု့နားထောင်၍ လိုက်နာပါ။
・ဖျော်ဖြေပွဲခန်းမ၊ ရုပ်ရှင်ရုံနှင့် စာကြည့်တိုက်စသည်နေရာများတွင် ဖုန်းမြည်သံထွက်ခြင်း၊ဖုန်းပြောဆိုခြင်းများသည် အနီးနားဝန်းကျင်ကို အနှောက်အယှက်ဖြစ်နိုင်သောကြောင့် ဖုန်း Power ကိုပိတ်ထားပါ။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို စမတ်ဖုန်း၊ လက်ကိုင်ဖုန်းများအသုံးပြုခြင်းသည်အနီးနားဝန်းကျင်မှလူများကိုအနှောက်အယှက်ဖြစ်စေနိုင်ရုံသာမက မတော်တဆအသက်
အန္တရာယ်များကိုပါ ကျရောက်နိုင်စေပါသည်။ စမတ်ဖုန်းများကိုအသုံးပြုသောအခါတွင် အနည်းဆုံးအနေဖြင့်လိုက်နာသင့်သည်များကိုလိုက်နာ၍ အသုံးပြုမှာ အရေးကြီးပါသည်။