会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လက်ကိုင်ဖုန်း၊ စမတ်ဖုန်းအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ။

12.01.2021

လက်ကိုင်ဖုန်း၊ စမတ်ဖုန်းအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ။

 

ယနေ့ခေတ်တွင် လူတိုင်းလိုပင် စမတ်ဖုန်းကို အသုံးပြုနေကြပါသည်။ အချိန်မရွေး၊ နေရာမရွေးအသုံးပြုနေကြသည်ကို မြင်တွေ့နိုင်ပါသည်။ လက်ကိုင်ဖုန်း၊ စမတ်ဖုန်းများကို အသုံးပြုရာတွင် အချိန်နှင့်နေရာအလိုက် အသုံးပြုရာတွင်လိုက်နာသင့်သည်များကို သိရှိနားလည်ထားပါ။ အခြားသောသူများကို အနှောက်အယှက်မဖြစ်စေသောနည်းလမ်းများဖြင့် အသုံး

ပြုကြပါစို့။ 

・လမ်းလျှောက်ရင်းဖုန်းအသုံးပြုခြင်းကို မပြုလုပ်ပါနှင့်။ 

・ကိုယ်ပိုင်ကား၊မော်တော်ဆိုင်ကယ်နှင့်စက်ဘီးစီးနင်းနေစဥ်အတွင်းလက်ကိုင်ဖုန်းအသုံးပြု ခြင်းကို ရှောင်ကြဥ်ပါ။ 

・ဘူတာ၊ရထားပေါ်နှင့် ဘတ်စ်ကားပေါ်တွင် စီးနင်းလိုက်ပါနေသောသူများ အနှောက်အယှက်ဖြစ်စေနိုင်သော ဖုန်းပြောခြင်းများ မပြုလုပ်ပါနှင့်။ ဖုန်းလာနိုင်သည်ဟု ယူဆရသောအခါတွင်silent mode လုပ်ထားပါ။ ဦးစားပေးထိုင်ခုံအနီးနှင့် ရထားပေါ်တွင်လူပြည့်ကျပ်နေသောအခါတွင် ဖုန်းpower ပိတ်ထားမည်။

・ဆေးဝါးကုသမှုနှင့်ဆိုင်သောနေရာများတွင်လက်ကိုင်ဖုန်းအသုံးပြုခြင်းစည်းမျဥ်းစည်းကမ်းများကို လိုက်နာပါ။

・လုံခြုံရေးအရ လေယာဥ်ပေါ် တွင် စမတ်ဖုန်း၊ လက်ကိုင်ဖုန်းများကို အသုံးမပြုရ။

・အများပြည်သူပိုင်နေရာများတွင် ခွင့်ပြုချက်မရှိဘဲ ဓါတ်ပုံရိုက်ယူခြင်းများမပြုလုပ်ရ။ခွင့်ပြုချက်ရမှ ဓါတ်ပုံရိုက်ယူလို့ရနိုင်သည့်နေရာများရှိနိုင်သည့်အတွက် ထိုနေရာရှိညွန်ကြားချက်များကိုဖတ်ရှု့နားထောင်၍ လိုက်နာပါ။

・ဖျော်ဖြေပွဲခန်းမ၊ ရုပ်ရှင်ရုံနှင့် စာကြည့်တိုက်စသည်နေရာများတွင် ဖုန်းမြည်သံထွက်ခြင်း၊ဖုန်းပြောဆိုခြင်းများသည် အနီးနားဝန်းကျင်ကို အနှောက်အယှက်ဖြစ်နိုင်သောကြောင့် ဖုန်း Power ကိုပိတ်ထားပါ။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို စမတ်ဖုန်း၊ လက်ကိုင်ဖုန်းများအသုံးပြုခြင်းသည်အနီးနားဝန်းကျင်မှလူများကိုအနှောက်အယှက်ဖြစ်စေနိုင်ရုံသာမက မတော်တဆအသက်

အန္တရာယ်များကိုပါ ကျရောက်နိုင်စေပါသည်။ စမတ်ဖုန်းများကိုအသုံးပြုသောအခါတွင် အနည်းဆုံးအနေဖြင့်လိုက်နာသင့်သည်များကိုလိုက်နာ၍ အသုံးပြုမှာ အရေးကြီးပါသည်။