会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

စည်းဝေးပွဲတွင် လိုက်နာရမည့်အချက်များ။

19.01.2021

စည်းဝေးပွဲတွင် လိုက်နာရမည့်အချက်များ။

အစည်းအဝေးတက်ရောက်သောအခါတွင် လိုက်နာရမည့်အရာများကို မှတ်သားထားကြပါစို့။

 

  • လက်ကိုင်ဖုန်းနှင့်စမတ်ဖုန်းများကို power ပိတ်ထားပါ သို့မဟုတ် silent mode လုပ်ထားပါ။

ကုမ္ပဏီအတွင်းရှိ စည်းဝေးခန်းမများတွင်ဖြစ်စေ၊ အလုပ်အတွက်ဧည့်သည်များနှင့်တွေ့ဆုံသည့်နေရာတွင်ဖြစ်စေ လက်ကိုင်ဖုန်းနှင့်စမတ်ဖုန်းများကို Silent Mode ပြုလုပ်ထားရပါမည်။ လက်ကိုင်ဖုန်းသံမြည်မလာစေရန် ဖုန်း setting တွင်ပြုလုပ်ထားပါ။

 

  • အိပ်ငိုက်နေခြင်းများမဖြစ်စေရ။

တမင်ရည်ရွယ်ကာပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ သတိမထားမိဘဲ ငိုက်မြည်းခြင်းများ ဖြစ်လေ့ဖြစ်ထရှိပါသည်။ သို့သော်လည် စည်းဝေးခန်းများတွင် ငိုက်မြည်းခြင်းသည် ပုံမှန်ထက်ပို၍ လူအများထံမှ အကြည့်ခံရခြင်းမျိုးရှိနိုင်ပါသည်။ အစည်းအဝေးပြုလုပ်နေသောအခါတွင် လုံးဝအိပ်၍မရမှန်းသိသော်လည်း အောင်းအီးမနိုင်ဘဲအိပ်မိသွားခြင်းများလည်း ဖြစ်လေ့ရှိပါသည်။ မိတ်ဆွေတို့လည်း စည်းဝေးပြုလုပ်ရာတွင် ငိုက်မြည်းခြင်းများမဖြစ်စေရန် အထူးသတိပြုပါ။ 

  • လက်ထောက်မေးတင်ခြင်း၊ ခြေလှုပ်ခြင်းစသည့်အပြုအမှုများကိုတားမြစ်ထားပါသည်။

 

မှန်ကန်သောကိုယ်အမှုအယာဖြင့် ပြေားကြားချက်များကိုနားထောင်မည်။ 

အစည်းအဝေးတက်‌ရောက်သူများသည် သူငယ်ချင်းများမဟုတ်ဘဲ အလုပ်နှင့်ပတ်သက်သောသူများဖြစ်ပါသည်။ စကားနားထောင်သည့်ဟန်ပန်အမှုအရာကို အထူးသတိပြုပါ။ တစ်ပါးသူ၏စကားကိုနားထောင်ရာတွင် အတားအဆီးဖြစ်စေသောအရာများမှာ လက်ထောက်မေးတင်၊ ခြေလှုပ်ခြင်း၊ လက်ပိုက်ခြေချိတ်ထားခြင်း၊ ဆံပင်များကိုထိတွေ့ကိုင်တွယ်ခြင်း စသည့်အမှုအရာများဖြစ်

သည်။ ပင်ပန်းလာလျှင် မေးတင်လက်ထောက်ခြင်းများပြုလုပ်လာနိုင်သည်။ နောက်ကျောကိုဆန့်တန့်ရန် မလွယ်ကူသောအချိန်တွင် တစ်ဖက်လူ၏ပြောစကားများကို အာရုံစူးစိုက်နားထောင်ရခက်လာသည့်အတွက် မထင်မှတ်ဘဲ လက်ထောက်မေးတင်ခြင်းများပြုလုပ်လာနိုင်သည်ကို အထူးသတိပြုပါ။ စိတ်အားထက်သန်စွာ ကြိုတင်ပြင်ဆင်ချက်များကို ကူညီမည်။အစည်းအဝေးကို စတင်ပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုအများအပြားပြုလုပ်ရန်လိုပါသည်။ ပါ၀င်သူအဖွဲ့ဝင်အားလုံး ကြည့်ရှု့လွယ်ကူစေသော စာရွက်များ၊  DisplayScreen များကိုမြင်ရလွယ်ကူအောင်ပြုလုပ်ခြင်း၊ စာပွဲများကိုသတ်မှတ်ထားရှိခြင်း၊ ထိုင်ခုံများကိုရေတွက်

၍မလုံလောက်မှုရှိပါက ကြိုတင်ရှာဖွေထားခြင်း စသည်တို့ကိုပြုလုပ်ရပါမည်။ အစည်းအဝေးပြီးဆုံးလျှင် သိမ်းဆည်းခြင်းရာတွင်  စိတ်အားထက်သန်စွာ ကူညီပါ။ အသုံးပြုပြီးသောပစ္စည်းကိရိယာများကို မူလနေရာတွင် ပြန်ထားပါ။ 

 

  • မှတ်စုမှတ်ခြင်းနှင့် စကားနားထောင်ခြင်းနှင့်ပတ်သက်၍ Balance။ 

တက်ရောက်သူများ၏ ပြောကြားချက်နှင့်တင်ပြသည့်ကိန်းဂဏန်းစသည့် အစည်းအဝေး၏ အဓိကအရေးကြီးအချက်အလက်များကို မှတ်စုဖြင့် မှတ်ယူထားပါ။ မှတ်စုမှတ်ယူထားခြင်းဖြင့် အစည်းအဝေးအတွင်း ထင်မြင်ချက်များကို ပြောဆိုရန်တောင်းဆိုလာသောအခါတွင် သေချာစွာပြောဆိုနိုင်ပါလိမ့်မည်။ ထို့အပြင် အစည်းအဝေး၏ အဓိကလူကြီးများနှင့် တက်ရောက်သည့်အဖွဲ့ဝင်များ 

သည်လည်း ၀န်ထမ်းအသစ်ဖြစ်သောမိမိအား အစည်းအဝေးနှင့်ပတ်သက်၍အာရုံစိုက်မှုရှိသည်ဟု ထင်မှတ်ကြပါလိမ့်မည်။ ထိုအချက်များကိုလိုက်နာ၍ အစည်းအဝေးတက်ရောက်ကြပါစို့။ ထိုအချက်များကိုမလိုက်နာပါက အစည်းအဝေးအကြောင်းအရာမှာ ပြည့်စုံနေသော်လည်း တက်ရောက်သူများမှ နှစ်သက်သဘောကျမှုမရှိဘဲ ရလဒ်ကောင်းများထွက်ရန် ခက်ခဲပါလိမ့်မည်။ ထိုလိုက်နာရမည့်အချက်များကို စိတ်ထဲတွင်အမြဲတမ်းထားရှိရန်မလိုသော်လျှင်း အနည်းဆုံးအနေဖြင့် ထိုအချက်များကို နားလည်သိရှိထားပါ။