会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လမ်းလျှောက်ရင်းစားသောက်ခြင်း။

26.01.2021

လမ်းလျှောက်ရင်းစားသောက်ခြင်း။

သင့်တို့နိုင်ငံတွင် လမ်းလျှောက်ရင်းစားသောက်ခြင်းကို  ဘယ်လိုထင်မြင်ကြပါသလဲ?

ဂျပန်နိုင်ငံတွင်လမ်းလျှောက်ရင်းစားသောက်ခြင်းသည်မကောင်းသောအပြုအမှု၊ဆိုးဝါး သောအပြုအမှုဖြင့် ရှု့မြင်ကြပါသည်။ 

ခရီးသွားနယ်မြေများတွင်  တုတ်ထိုးမှုန့်နှင့် သစ်သီးများကို ရောင်းချခြင်းများရှိပြီး ထိုသရေစာများကို ထိုနေရာတွင် စားသောက်နိုင်ပါသည်။ လမ်းလျှောက်ရင်းစားသောက်ခြင်းဖြင့် ထိုအရပ်ဒေသ၏ ဓလေ့ထုံးစံများကို ခံစားကြည့်ရှု့ခြင်းသည် ပျော်ရွင်ဖွယ်ခရီးတစ်ခုဖြစ်ပါသည်။ 

သို့သော်လည်း ရုံး၊ အလုပ်ခွင်များတွင် ထိုအပြုအမှုများကို ထပ်ခါထပ်ခါပြုလုပ်လျှင် အပြုအမှုဆိုးရွားသည်ဟု အထင်ခံရနိုင်ပါသည်။ ဥပမာအားဖြင့် သောက်စရာများကို ကိုင်ဆောင်၍ရပ်ရွာအတွင်းဟိုဟိုဒီဒီသွားလာခြင်း၊မနက်စာအဖြစ်ကွန်ဗီနီစတိုးတွင်အစာသွပ်မှုန့်နှင့် ပေါက်စီများကို၀ယ်ယူစားသောက်ရင်းအလုပ်သို့သွားခြင်း၊အလုပ်ဆင်းပြီး နောက်ဗိုက်ဆာသ ဖြင့်ကွန်ဗီနီစတိုးတွင်ထမင်းဆုပ်ကို၀ယ်၍လမ်းတွင်စားသောက်ရင်း အိမ်သို့ ပြန်ခြင်းများကို မပြုလုပ်ပါနှင့်။ 

 

ထိုအပြင် စားသောက်ရင်း ဆိုင်အတွင်းသို့၀င်ခြင်း၊ ညစ်ပေနေသောလက်ဖြင့်ကုန်ပစ္စည်းများကို ထိကိုင်၍ညစ်ပေအောင်ပြုလုပ်ခြင်း၊ အမှိုက်များကိုလမ်းတွင်လွှင့်ပစ်ခြင်းစသည့် စည်းကမ်းမဲ့လုပ်ရပ်များ များပြားလာသည့်အတွက် အချို့သောနေရာများတွင် လမ်းလျှောက်ရင်းစားသောက်ခြင်းကို တားမြစ်ခြင်းများကို ပြုလုပ်လာကြပါသည်။ တားမြစ်ထားခြင်းမရှိသော်

လည်း စားသောက်ရင်းဆိုင်အတွင်းသို့၀င်ရောက်ခြင်းမပြုလုပ်ပါနှင့်။ ညစ်ပေနေသောလက်ဖြင့် ကုန်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။ အမှိုက်ကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ 

ပတ်ဝန်းကျင်မှလူများကို အနှောက်အယှက်မဖြစ်စေရန် ဆိုင်တွင်စားသောက်ရန် နေရာရှိပါက ထိုဆိုင်တွင် စားသောက်ပါ။ လမ်းလျှောက်ရင်း စားသောက်ခြင်းမပြုလုပ်ပါနှင့်။