会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်ခွင်အတွင်းအစားအသောက်နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ။

02.02.2021

အလုပ်ခွင်အတွင်းအစားအသောက်နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ။

စားသောက်ခြင်းနှင့်ပတ်သက်၍ စည်းမျဥ်းစည်းကမ်းများသည် ကုမ္ပဏီအပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။သာမာန်အားဖြင် အလုပ်သမား၀န်ထမ်းများသည် နေ့လည်နားချိန် တစ်နာရီ ရှိကြပါသည်။ သတ်မှတ်ထားသောနေ့လည်ထမင်းစားချိန်မှအပ အခြားသောအချိန်များတွင် စားသောက်၍မရပါ။အလုပ်စာပွဲခုံများတွင် မစားသောက်ရန် တားမြစ်ထားသော ကုမ္ပဏီများလည်းရှိပါသည်။ အကြောင်းမှာ အရေးကြီးသော စာရွက်စာတမ်းများ ညစ်ပေနိုင်သောကြောင့်ဖြစ်ပါသည်။ ထို့အပြင် သယ်ယူလာသောထမင်းဘူးအနံ့များမှတဆင့် ပတ်၀န်းကျင်မှလူများ အနှောက်အယှက်ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ မိမိအထက်လူကြီးများကိုလည်း ဆွေးနွေးတိုင်ပင်ကြည့်ပါ။ ကုမ္ပဏီအတွင်းရှိ စားသောက်ခန်းများနှင့် အပြင်စားသောက်ဆိုင် စသည့်နေရာများ၌ စားသောက်ခြင်းများပြုလုပ်နိုင်ပါသည်။