会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

5Sနှင့်ပတ်သက်သော အခြေခံအတွေးအခေါ် အယူအဆ။

16.02.2021

5Sနှင့်ပတ်သက်သော အခြေခံအတွေးအခေါ် အယူအဆ။

 

မိတ်ဆွေတို့ 5S ဆိုသည့် စကားလုံးကို ကြားဖူးပါသလား?


5S (Seiri, Seiton, Seiso, Seiketsu, Shitsuke) ဆိုသည်မှာ ဂျပန်နိုင်ငံ အလုပ်ခွင်များတွင် ကျင့်သုံးသော
အခြေခံစဥ်းစားပုံ ဖြစ်သည်။ သာမာန်မည်သည့်ကုမ္ပဏီတွင်မဆိုင် ထို စဥ်းစားပုံအတိုင်း လိုက်နာဆောင်ရွက်
ပါသည်။
1. Seiri(သပ်ရပ်အောင်ပြုလုပ်ခြင်း)
Seiriဆိုသည်မှာ လိုအပ်သောအရာနှင့် မလိုအပ်သောအရာကိုခွဲခြားခြင်းဖြစ်သည်။ လိုအပ်သောအရာများကို
ချန်ထား၍ မလိုအပ်သော အရာများကိုလွင့်ပစ်မည်။ ပစ္စည်းများကိုသာမက မလိုအပ်သောအလုပ်များကိုပါ
ဆိုလိုပါသည်။ ဥပမာအားဖြင့် အကျိုးမရှိသော အချိန်ပိုအလုပ်လုပ်ခြင်းများကို မရှိအောင်ပြုလုပ်ပါမည်။
အမြန်လိုသောအလုပ်များကို ဦးစားပေးလုပ််၍ နောက်မှလုပ်၍ရသောအလုပ်ကို အမြန်လိုသောအလုပ်ပြီး
မှလုပ်ခြင်းသည်လည်း Seiri လုပ်ခြင်းဖြစ်ပါသည်။

2. Seiton(စီရီသပ်ရပ်အောင်ပြုလုပ်ခြင်း)
Seiri ပြုလုပ်ပြီးနောက် လက်ကျန်လိုအပ်သောအရာများကို မည်သည့်နေရာတွင် ထားလျှင်အဆင်ပြေမည်
ကို အစီအစဥ်ဆွဲ၍ သင့်တော်သောနေရာတွင် ထားပါမည်။
3. Seisou(သန့်ရှင်းရေးပြုလုပ်ခြင်း)
သန်ရှင်းရေး စသည့်တိုကိုပြုလုပ်၍ ကုမ္ပဏီအတွင်းတွင် သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးမည်။
4. Seiketsu(စင်ကြယ်အောင်ထိန်းသိမ်းခြင်း)
သန့်ရှင်း၍ လှပနေသော ကုမ္ပဏီအတွင်းကို နောက်ထပ်မညစ်ပတ်မှုမရှိစေရန် ထိန်းသိမ်းသွားခြင်းကို
ဆိုလိုပါသည်။

5. Shitsuke(စည်းကမ်း)
Shitsuke ဆိုသည်မှာ အလုပ်ခွင်အတွင်းစည်းမျဥ်းများကို ချမှတ်၍ ထိုချမှတ်ထားသောစည်းမျဥ်းစည်းကမ်း
များကို လိုက်နာရင်း ထိုစည်းမျဥ်းစည်းကမ်းများကို အလေ့အထအဖြစ်စွဲမြဲသွားအောင် ပြုလုပ်ခြင်းကိုဆိုလို
သည်။


မိတ်ဆွေတို့လည်း ဘယ်လိုထင်မြင်ပါသလဲ? အကယ်၍ ကုမ္ပဏီကို အလုပ်ဝင်လျှင် ထို 5S စဥ်းစား
ပုံအတိုင်း လိုက်နာလုပ်ဆောင်ကြည့်ကြပါစို့။