OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ကျေးဇူးတင်သည့်စကားလုံး(ありがとう)ကို အစဥ်မပြတ်ပြောဆိုလေ့ရှိ။

23.02.2021

ကျေးဇူးတင်သည့်စကားလုံး(ありがとう)ကို အစဥ်မပြတ်ပြောဆိုလေ့ရှိ။

 

မိတ်ဆွေတို့ နေ့စဥ်နေ့တိုင်း ကျေးဇူးတင်ပါတယ်(Arigatou)ဆိုသည့်စကားလုံးကို ဘယ်

နှကြိမ်လောက်ပြောဖြစ်ပါသလဲခမျာ။

ဂျပန်လူမျိုးများသည် ကျေးဇူးတင်ကြောင်းကိုဖော်ပြသည့်အနေဖြင့် အလုပ်ခွင်နှင့် နေ့စဥ်ဘ၀

တွင် ထိုစကားလုံးကို အစဥ်အမြဲအသုံးပြုကြပါသည်။ 

“Arigatou” ဆိုသည့်စကားလုံးသည် မိသားစု၊ ချစ်သူ၊ အသက်အရွယ်တူနှင့် မိမိထက်အသက်

အရွယ်ငယ်သော သူငယ်ချင်းများကို ပြောရာတွင် အသုံးပြုပါသည်။ ကျေးဇူးတင်ကြောင်းကို 

“Arigatou” ထက်ပိုယဥ်ကျေးစွာပြောဆိုနိုင်သော စကားလုံး (၅) မျိုးကို ရေးသားဖော်ပြသွား

ပါမည်။ 

① “Arigatou Gozaimasu” ဆိုသည့်စကားလုံးသည် ကျေးဇူးတင်ကြောင်းဖော်ပြရာတွင်

သုံးနှုန်းသောစကားလုံးဖြစ်ပြီး ကုမ္ပဏီမှလူများ၊ မိမိထက်အသက်အရွယ်ရာထူးကြီးသူများ

ကို‌ပြောဆိုရာတွင် သုံးနှုန်းလေ့ရှိပါသည််။

② “Arigotou Gozaimasu”ထက် ပိုမိုယဥ်ကျေးသောစကားလုံးမှာ “Domo Arigatou Gozaimasu” ဖြစ်သည်။

③ကျေးဇူးတင်ကြောင်းကိုပိုမိုလေးနက်စွာပြောဆိုချင်သောအခါမျိုးတွင်“Hontoni Arigatou

Gozaimasu” ဟုပြောဆိုနိုင်ပြီး ထိုထက်ပေါ့ပါးစွာ ပြောဆိုမည်ဆိုပါက “Hontoni Arigatou”

ဟူ၍ သုံးနှုန်းပြောဆိုနိုင်ပါသည်။ 

④ တစ်ဖက်လူအား အမျိုးမျိုးစဥ်းစားခိုင်းပြီးနောက် ခွဲခါသောအခါ ကျေးဇူးတင်ကြောင်းကို

ဖော်ပြရာတွင် အသုံးပြုသည့်စကားလုံးမှာ “Arigatou Gozaimasu” မဟုတ်ဘဲ “Arigatou 

Gozaimashita” ကို သုံးနှုန်းပါသည်။ 

⑤ အကူအညီအမျိုးမျိုးရယူပြီး တစ်ဖက်သားအားကျေးဇူးတင်ကြောင်းဖော်ပြရာတွင် 

“Iroiro Arigatou Gozaimashita” ဟုသုံးနှုန်းပြောဆိုကြပါစို့။

“Arigatou Gozaimasu” ဟုအပြောခံရလျှင် ၀မ်းမြောက်၀မ်းသာဖြစ်ပါတယ်လေနော်။ 

ကောင်းမွန်သောဆက်ဆံရေးဖြစ်လာနိုင်ပြီး၊ ထိုမှတဆင့် ချစ်ခင်ရင်းနှီးသောပတ်သက်မှုဖြစ်

လာနိုင်တယ်မဟုတ်လား? ဂျပန်လို ကျေးဇူးတင်ကြောင်းစကားလုံးကိုလေ့လာပြီး ကျေး

ဇူးတင်ကြောင်း အသိပေးပြောကြားကြပါစို့။