အစားအသောက်များကို ကုန်အောင်စားခြင်း။
ဟိုတယ်များတွင် နှစ်သက်သလိုစားသောက်နိုင်သော(ဘူဖေး)ဟင်းပွဲအရံများကိုစားသောက်ရန်စီစဥ်ပေးထားသော်လည်း စိတ်ကြိုက်စားသောက်ခြင်း(TabeHoudai)နဲ့ပတ်သက်ပြီးလိုက်နာရမည့်အချက်များကို မိတ်ဆွေတို့သိကြပါသလား? ယခုအကြိမ်တွင် TabeHoudai နဲ့ပတ်သက်ပြီးလိုက်နာရမည့်အချက်များကို မိတ်ဆက်ရေးသားပါမည်။
1.Appetizer, ဟင်းချိုများမှ စတင်စားသုံးပြီး အချိုပွဲများကို နောက်ဆုံးတွင် စားသောက်ပါ။
2.ပန်းကန်အတွင်းအစားအသောက်များကို အပြည့်အမောက်ထည့်၍မစားပါနှင့်။ စားနိုင်
သလောက်သာယူ၍ ယူထားသောအရာများကို ကုန်အောင်စားပါ။
3.စားသောက်ပန်းကန်အများအပြားကိုယူ၍ စားပွဲပေါ်တွင် ပန်းကန်များပြားနေအောင်
မပြုလုပ်ပါနှင့်။
4.ဟင်းလျာများကိုသန့်ရှင်းစွာစားသောက်ပြီးမှ နောက်ဟင်းလျာတစ်မျိုးကိုသွားယူပါ။။
5.အရသာမရှိသောစားစရာများမှအပ အခြားသောအရာများကိုကုန်စင်အောင်စားပါ။
မိမိယူထားသောစားစရာများကိုကုန်စင်အောင်မစားဘဲထားရှိခြင်းသည် မယဥ်ကျေးရာ
ရောက်သည်။
ဂျပန်တွင် “もったいない” ဆိုသည့်စကားလုံးရှိပါသည်။ အစားအသောက်နှင့် နောက်ထပ်သုံး၍ရသေးသော အရာများကို အလေအလွင့်မဖြစ်စေဘဲ တန်ဖိုးထားခြင်းမှာ ဂျပန်နိုင်ငံ၏ထူးခြားချက်ဖြစ်ပါသည်။ Viking (အစားအသောက်များကိုမိမိကိုယ်တိုင်ယူ၍စားသောက်ရသောစနစ်) စနစ်ဖြင့် TabeHoudaiစားသောက်ရာတွင် အထက်ပါအချက်များကိုလိုက်နာ၍စားစရာများကိုကျန်အောင်မထားဘဲစားပါ။ စားချင်သည့်အရာများကိုမိမိလိုချင်သည့်ပမာဏလောက်သာ ယူ၍စားရသည့် Viking စနစ်တွင် စားစရာအမျိုးမျိုးကိုမြည်းစမ်းစားသောက် နိုင်ပါသည်။