会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အစားအသောက်များကို ကုန်အောင်စားခြင်း။

09.03.2021

 အစားအသောက်များကို ကုန်အောင်စားခြင်း။

 

ဟိုတယ်များတွင် နှစ်သက်သလိုစားသောက်နိုင်သော(ဘူဖေး)ဟင်းပွဲအရံများကိုစားသောက်ရန်စီစဥ်ပေးထားသော်လည်း စိတ်ကြိုက်စားသောက်ခြင်း(TabeHoudai)နဲ့ပတ်သက်ပြီးလိုက်နာရမည့်အချက်များကို မိတ်ဆွေတို့သိကြပါသလား? ယခုအကြိမ်တွင် TabeHoudai နဲ့ပတ်သက်ပြီးလိုက်နာရမည့်အချက်များကို မိတ်ဆက်ရေးသားပါမည်။

 

1.Appetizer, ဟင်းချိုများမှ စတင်စားသုံးပြီး အချိုပွဲများကို နောက်ဆုံးတွင် စားသောက်ပါ။

 

2.ပန်းကန်အတွင်းအစားအသောက်များကို အပြည့်အမောက်ထည့်၍မစားပါနှင့်။ စားနိုင်

သလောက်သာယူ၍ ယူထားသောအရာများကို ကုန်အောင်စားပါ။

 

3.စားသောက်ပန်းကန်အများအပြားကိုယူ၍ စားပွဲပေါ်တွင်  ပန်းကန်များပြားနေအောင်

မပြုလုပ်ပါနှင့်။

 

4.ဟင်းလျာများကိုသန့်ရှင်းစွာစားသောက်ပြီးမှ နောက်ဟင်းလျာတစ်မျိုးကိုသွားယူပါ။။

 

5.အရသာမရှိသောစားစရာများမှအပ အခြားသောအရာများကိုကုန်စင်အောင်စားပါ။

မိမိယူထားသောစားစရာများကိုကုန်စင်အောင်မစားဘဲထားရှိခြင်းသည် မယဥ်ကျေးရာ

ရောက်သည်။

 

   ဂျပန်တွင်  “もったいない” ဆိုသည့်စကားလုံးရှိပါသည်။ အစားအသောက်နှင့် နောက်ထပ်သုံး၍ရသေးသော အရာများကို အလေအလွင့်မဖြစ်စေဘဲ တန်ဖိုးထားခြင်းမှာ ဂျပန်နိုင်ငံ၏ထူးခြားချက်ဖြစ်ပါသည်။ Viking (အစားအသောက်များကိုမိမိကိုယ်တိုင်ယူ၍စားသောက်ရသောစနစ်) စနစ်ဖြင့် TabeHoudaiစားသောက်ရာတွင် အထက်ပါအချက်များကိုလိုက်နာ၍စားစရာများကိုကျန်အောင်မထားဘဲစားပါ။ စားချင်သည့်အရာများကိုမိမိလိုချင်သည့်ပမာဏလောက်သာ ယူ၍စားရသည့် Viking စနစ်တွင် စားစရာအမျိုးမျိုးကိုမြည်းစမ်းစားသောက် နိုင်ပါသည်။