会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လူမှုဆက်ဆံရေးပိုမိုကျယ်ပြန့်ချောမွေ့လာအောင်ပြုလုပ်မည်။

16.03.2021

လူမှုဆက်ဆံရေးပိုမိုကျယ်ပြန့်ချောမွေ့လာအောင်ပြုလုပ်မည်။

 

ဂျပန်အလုပ်ခွင်များတွင် အလုပ်ကို ပျော်ရွင်ချောမွေ့စွာအလုပ်လုပ်နိုင်ရန်အတွက် အလုပ်ခွင်အတွင်းရှိလူများနှင့် အမြဲတမ်း ပြောဆိုဆက်ဆံနေရန်လိုအပ်ပါသည်။ 

  1. နှုတ်ဆက်စကားဆိုခြင်း။

မနက်ခင်းတိုင်း ကုမ္ပဏီမှလူများကိုတွ့လျှင် “Ohayou Gozaimasu!” ဟုအပြုံးဖြင့် နှုတ်ဆက်ပါ။ တွေ့တိုင်းနှုတ်ဆက်လျှင် ပိုကောင်းပါသည်။ အရွယ်ရောက်အလုပ်လုပ်သူများအနေဖြင့် နှုတ်ဆက်ခြင်းသည် အခြေခံလိုက်နာရမည့်အချက်ဖြစ်ပါသည်။ ကုမ္ပဏီ၀န်ထမ်းဖြစ်ရန်အတွက်လည်း ခြေလှမ်းတစ်လှမ်းဖြစ်ပါသည်။ 

 

  1. ကျေးဇူးတင်ကြောင်း၊ တောင်းပန်ကြောင်းစကားလုံးများကို ပြောကြားမည်။

အထက်လူကြီးများနှင့် လုပ်ဖော်ကိုင်ဖက်များမှ အလုပ်နှင့်ပတ်သက်၍ ကူညီသောအခါတွင် “Arigatou Gozaimasu.” ဟု မဖြစ်မနေ ကျေးဇူးတင်စကားပြောပါ။ နောက်ပြီး အလုပ်တွင်မှားယွင်းသွားသောအခါတွင်လည်း မှားယွင်းကြောင်းကိုလက်ခံ၍ ရိုးသားစွာ တောင်းပန်ကြပါစို့။ 

  1. တစ်ဖက်လူမှ ပြောကြားသောစကားများကို သေချာစွာ နားထောင်ပါ။ 

ကုမ္ပဏီမှလူများနှင့် ဆက်ဆံရေးကိုဖန်တီးရန်အတွက် ပြောဆိုခြင်းသာမက နားထောင်ရန်လည်း အရေးကြီးပါသည်။ ကုမ္ပဏီရှိလူများ၏ အမြင်သည် မိမိအမြင်နှင့် ကွဲပြားခြင်းများရှိလိမ့်မည်ဟု ထင်ပါသည်။ ထို့အတွက် တစ်ဖက်လူပြောစကားများကို ဆုံးအောင်အထိ နားထောင်ပါ။ 

မိတ်ဆွေတို့ရော ဘယ်လိုထင်မြင်ပါသလဲ? အလုပ်မှလူများဖြင့် ရင်းရင်းနှီးနှီးဖြစ်အောင် ပေါင်းသင်းဆက်ဆံကြပါစို့။