လက်ကိုင်ဖုန်းရှိ ဓါတ်ပုံများနှင့်ပတ်သက်၍။
အင်တာနက်ကိုအသုံးပြုရာတွင် SNS(Twitter, Facebook, Instagram, Youtube)များ၌အမျိုးမျိုးသောဓါတ်ပုံများ၊ ဗွီဒီယိုများတင်ခြင်း၊ အခြားသူများတင်ထားသော အကြောင်းအရာများကိုကြည့်ရှု့ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ သို့သော်လည်း သူတစ်ပါး၏ဓါတ်ပုံနှင့်ဗွီဒီယိုများကို တစ်ဖက်သတ်ကူးယူခြင်း၊ SNS တွင်တင်ခြင်းများသည် ရာဇ၀တ်မှုနှင့် ပုံတူကူး
ချမှုဆိုင်ရာအခွင့်အရေးချိုးဖောက်မှုအတွက် တရားစွဲခံရနိုင်ပါသည်။ ဂျပန်တွင်နေထိုင်စဥ် ထိုအချက်များကို အထူးသတိပြုပါ။
・ရထားအတွင်းစသည့်အများပြည်သူအသုံးပြုသည့်နေရာများတွင် ထင်ပေါ်နေသောလူများကို ခွင့်ပြုချက်မယူဘဲ တစ်ဖက်သတ်ဓါတ်ပုံရိုက်ယူခြင်းသည် ခိုးရိုက်ရာရောက်ပြီး ထိုလူ၏privacy ကိုလည်း ချိုးဖောက်ရာရောက်ပါသည်။
ထို့အပြင် ဗွီဒီယိုဓါတ်ပုံရိုက်ရန်ခွင့်ပြုချက်ရသော်လည်း ထိုအရာသည် SNS တွင် uploadလုပ်ရန်အတွက်ခွင့်ပြုချက်မဟုတ်သည်ကို သတိပြုပါ။ ရိုက်ကူးခြင်းကို ခွင့်ပြုသော်လည်းအင်တာနက်ပေါ်တွင် upload တင်ခွင့်မရဘဲတင်ပါက ပုံတူအခွင့်အရေးချိုးဖောက်မှုဖြစ်သွားနိုင်ပါသည်။
・ရိုက်ကူးရန်တားမြစ်ထားသောအရာများ၊ ကင်မရာယူသွား၍ မရသည့်နေရာများလည်းရှိပါသည်။ အနုပညာပြတိုက်၊ ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ရုံနှင့် ပြဇာတ်ရုံများတွင် ရိုက်ကူးရန်တားမြစ်ထားလေ့ရှိသည့်အတွက်ထိုနေရာများတွင် မဖြစ်မနေ ညွှန်ကြားချက်များကို စိစစ်ပါ။
ခွင်ပြုချက်မရှိပဲမရိုက်ကူးပါနှင့်။
ထို့အပြင် စာအုပ်ဆိုင်တွင် စာအုပ်နှင့်မဂ္ဂဇင်းများများကိုအ၀ယ်ယူဘဲ ဓါတ်ပုံရိုက်ယူခြင်းသည်စည်းကမ်းချိုးဖောက်ရာရောက်ပါသည်။ အထူးသတိပြုပါ။
ပြစ်မှုမဖြစ်စေရန်၊ တစ်ပါးသူအားအနှောက်အယှက်မဖြစ်စေရန်အတွက် တစ်စုံတစ်ယောက်အားဓါတ်ပုံ၊ ဗွီဒီယိုရိုက်သောအခါမျိုးတွင်မဖြစ်မနေခွင့်ပြုချက်ပြီးမှ ရိုက်ကူးပါ။ ရိုက်ကူးခွင့်ပြုချက်လိုအပ်သည့်အခါတွင်၊ လက်ကိုင်ဖုန်း၊ စမတ်ဖုန်းကင်မရာများဖြင့် ဓါတ်ပုံ၊ဗွီဒီယိုရိုက်ကူးသောအခါတွင် ထိုနေရာ၏ညွှန်ကြားချက်များကို လိုက်နာပါ။