会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လက်ကိုင်ဖုန်းရှိ ဓါတ်ပုံများနှင့်ပတ်သက်၍။

23.03.2021

လက်ကိုင်ဖုန်းရှိ ဓါတ်ပုံများနှင့်ပတ်သက်၍။

 

အင်တာနက်ကိုအသုံးပြုရာတွင်  SNS(Twitter, Facebook, Instagram, Youtube)များ၌အမျိုးမျိုးသောဓါတ်ပုံများ၊ ဗွီဒီယိုများတင်ခြင်း၊ အခြားသူများတင်ထားသော အကြောင်းအရာများကိုကြည့်ရှု့ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ သို့သော်လည်း သူတစ်ပါး၏ဓါတ်ပုံနှင့်ဗွီဒီယိုများကို တစ်ဖက်သတ်ကူးယူခြင်း၊ SNS တွင်တင်ခြင်းများသည် ရာဇ၀တ်မှုနှင့် ပုံတူကူး

ချမှုဆိုင်ရာအခွင့်အရေးချိုးဖောက်မှုအတွက် တရားစွဲခံရနိုင်ပါသည်။ ဂျပန်တွင်နေထိုင်စဥ် ထိုအချက်များကို အထူးသတိပြုပါ။ 

 

・ရထားအတွင်းစသည့်အများပြည်သူအသုံးပြုသည့်နေရာများတွင် ထင်ပေါ်နေသောလူများကို ခွင့်ပြုချက်မယူဘဲ တစ်ဖက်သတ်ဓါတ်ပုံရိုက်ယူခြင်းသည် ခိုးရိုက်ရာရောက်ပြီး ထိုလူ၏privacy ကိုလည်း ချိုးဖောက်ရာရောက်ပါသည်။ 

ထို့အပြင် ဗွီဒီယိုဓါတ်ပုံရိုက်ရန်ခွင့်ပြုချက်ရသော်လည်း ထိုအရာသည် SNS တွင် uploadလုပ်ရန်အတွက်ခွင့်ပြုချက်မဟုတ်သည်ကို သတိပြုပါ။ ရိုက်ကူးခြင်းကို ခွင့်ပြုသော်လည်းအင်တာနက်ပေါ်တွင် upload တင်ခွင့်မရဘဲတင်ပါက ပုံတူအခွင့်အရေးချိုးဖောက်မှုဖြစ်သွားနိုင်ပါသည်။

 

・ရိုက်ကူးရန်တားမြစ်ထားသောအရာများ၊ ကင်မရာယူသွား၍ မရသည့်နေရာများလည်းရှိပါသည်။ အနုပညာပြတိုက်၊ ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ရုံနှင့် ပြဇာတ်ရုံများတွင် ရိုက်ကူးရန်တားမြစ်ထားလေ့ရှိသည့်အတွက်ထိုနေရာများတွင် မဖြစ်မနေ ညွှန်ကြားချက်များကို စိစစ်ပါ။

ခွင်ပြုချက်မရှိပဲမရိုက်ကူးပါနှင့်။ 

ထို့အပြင် စာအုပ်ဆိုင်တွင် စာအုပ်နှင့်မဂ္ဂဇင်းများများကိုအ၀ယ်ယူဘဲ ဓါတ်ပုံရိုက်ယူခြင်းသည်စည်းကမ်းချိုးဖောက်ရာရောက်ပါသည်။ အထူးသတိပြုပါ။

ပြစ်မှုမဖြစ်စေရန်၊ တစ်ပါးသူအားအနှောက်အယှက်မဖြစ်စေရန်အတွက် တစ်စုံတစ်ယောက်အားဓါတ်ပုံ၊ ဗွီဒီယိုရိုက်သောအခါမျိုးတွင်မဖြစ်မနေခွင့်ပြုချက်ပြီးမှ ရိုက်ကူးပါ။ ရိုက်ကူးခွင့်ပြုချက်လိုအပ်သည့်အခါတွင်၊ လက်ကိုင်ဖုန်း၊ စမတ်ဖုန်းကင်မရာများဖြင့် ဓါတ်ပုံ၊ဗွီဒီယိုရိုက်ကူးသောအခါတွင် ထိုနေရာ၏ညွှန်ကြားချက်များကို လိုက်နာပါ။