会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်ခွင်အတွင်းသက်ကြီးရွယ်အိုများနှင့် အတွေ့အကြုံရှိသူများကို လေးစားခြင်း။

30.03.2021

အလုပ်ခွင်အတွင်းသက်ကြီးရွယ်အိုများနှင့် အတွေ့အကြုံရှိသူများကို လေးစားခြင်း။

 

ဂျပန်ကုမ္ပဏီများတွင် အသစ်၀င်လာသောဝန်ထမ်းများသည် စီနီယာနှင့်အတွေ့ကြုံရှိသူများမှ  အလုပ်များထံလေ့လာခြင်းသည် သာမာန်ကိစ္စရပ်တစ်ခုဖြစ်သည်။ အလုပ်ရှိ စီနီယာများသည် အလုပ်လုပ်ခြင်းမှအစပြု၍ သတင်းပို့၊ ဆက်သွယ်၊ ဆွေးနွေးခြင်းများအထိ လျှင်မြန်စွာလွယ်ကူစွာ ပြုလုပ်နိုင်သူများဖြစ်သည်။ 

စီနီယာသည် အလုပ်နှင့်ပတ်သက်သောအကြောင်းအရာများကို သေချာစွာ ဇွဲဖြင့် ရှင်းပြပေးပါလိမ့်မည်။ 

ကူညီစောင့်ရှောက်ပေးသော စီနီယာများကိုလည်း ဦးညွတ်လေးပြုအချိန်တွင်သာမက အစဥ်အမြဲ လေးစားကြောင်းကိုလည်း အသိပေးပြောကြားမည်။ 

ဂျပန်ယဥ်ကျေးမှုတွင် အတွေ့အကြုံရှိသောသူများသာမက အသက်ကြီးရွယ်အိုများကိုလည်း လေးစားကြပါသည်။ ဂျပန်တွင် အသက်ကြီးသူများနှင့် အတွေ့အကြုံရှိသူများကို လေးစားသည့်ဓလေ့သည် မပျောက်ပျက်ဘဲတည်ရှိလျှက်ရှိသည်။ 

ဂျပန်လူမျိုးများသည်နှုတ်ဆက်ရာတွင်ဖြစ်စေ စကားပြောဆိုရာတွင်ဖြစ်စေ အမြဲတစေ လေးစားသည့်

စကားလုံးအသုံးအနှုန်းဖြင့် ပြောဆိုပါသည်။ 

အသက်အရွယ်ရသူများနှင့် စကားပြောဆိုလျှင် စကားလုံးအသုံးအနှုန်းများကိုလည်း ဂရုစိုက်၍ ယဥ်ကျေး

စွာပြောဆိုကာ မသင့်တော်သောစကားလုံးများကို မပြောဆိုမိစေရန် သတိပြုပါ။

ဂျပန် Business Manner သည် ဘယ်လုပ်ငန်းတွင်မဆို သက်ကြီးရွယ်အိုများနှင့် အတွေ့အကြုံရှိသူများကို 

လေးစားသမှုပြုရန် အရေးကြီးပါသည်။