会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ဖုန်းခေါ်ဆိုနည်း နှင့် ဖုန်းဖြေကြားနည်း

06.04.2021

ဖုန်းခေါ်ဆိုနည်း နှင့် ဖုန်းဖြေကြားနည်း

 

အလုပ်လုပ်နေစဉ် ဖုန်းမြည်လာပါက ဖုန်းဖြေကြားပါမည်လား? ဖုန်းဖြေကြားနည်းကို သိပါသလား?

ဖုန်းခေါ်ဆိုနည်း နှင့် ဖုန်းဖြေကြားနည်းကို လေ့လာကြပါစို့။

 

ဖုန်းမခေါ်မီ

၁။ တစ်ဖက်လူ၏ အချက်အလက်များကို အတည်ပြုပါ (ဖုန်းနံပါတ်၊ ကုမ္ပဏီအမည်၊ ဌာန)

ဖုန်းနံပါတ်နှင့် ကုမ္ပဏီအမည် ကိုက်ညီမှုရှိမရှိ စစ်ဆေးပါ။ တစ်ဖက်လူ၏ နာမည်အသံထွက် နှင့် ဌာနကိုစစ်ဆေးပြီးမှတ်စုတိုတွင်ရေးပါ။

 

၂။ ဖုန်းပြောဆိုရမည့် အကြောင်းအရာများကို သုံသပ်ပြီး ရည်ရွယ်ချက်ကို အကျဉ်းချုပ်ပြင်ဆင်ပါ။

လုပ်ငန်းခွင်တွင် အချိန်သည်အရေးကြီးသည့်အတွက် ဖြစ်နိုင်လျှင် ခေါ်ဆိုမှု၏ရည်ရွယ်ချက်ကို လွယ်လွယ်ကူကူသိရှိစေရန်ပြောပြပါ။ လိုအပ်သောစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။ ဖုန်းပြောမည့် အကြောင်းအရာအစဉ်လိုက်အတိုင်း စာရွက်များကိုလည်း အစဉ်လိုက် ပြင်ဆင်ပါ။ ဖုန်းအနီးတွင် စာရွက်နှင့် မှတ်စုတိုကို ပြင်ထားပါ။

 

၃။  ဖုန်းခေါ်ဆိုချိန်ကို သတိပြုပါ။

တစ်ဖက်လူကို အနှောင့်အယှက်မဖြစ်စေရန် သင့်တော်သည့်အချိန်ကို ရွေးချယ်ဖုန်းဆက်ပါ။ မနက်အစောပိုင်း၊ မွန်းတည့်ချိန်နှင့် ရုံးချိန်ပြင်ပတို့ကို ရှောင်ပါ။ သင်ဖုန်းခေါ်ဆိုပါက“ နံနက်စောစော ၀ မ်းနည်းပါတယ်။ လိုအပ်ချက်ကြောင့် ထိုအချိန်များအတွင်း ဖုန်းခေါ်ရမည်ဆိုပါက ”မနက်စောစော ဖုန်းခေါ်ရတာ အားနာပါတယ်” သို့မဟုတ် “ အလုပ်များနေတဲ့အချိန် ဖုန်းခေါ်ရဝာာ အားနာပါတယ်”   ဆိုတဲ့စကားလုံးကိုပြောပါ။