会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်၌ တစ်ခုခုမှားယွင်းရာတွင် တောင်းပန်ခြင်း။

04.05.2021

 

အလုပ်၌ တစ်ခုခုမှားယွင်းရာတွင် တောင်းပန်ခြင်း။

 

ကျွန်တော်တို့အားလုံးသည်လူသားများဖြစ်ကြသည့်အတွက် အလုပ်လုပ်ရာတွင် မှားယွင်းမှုများရှိနိုင်ပါသည်။ အလုပ်လုပ်ရာ၌ မှားယွင်းသွားသည့်အခါမျိုးတွင် မည်သို့လုပ်ရမည်ဆိုသည်ကို သိကြပါသလား?ဂျပန်အလုပ်ခွင်တွင် တစ်ခုခုမှားယွင်းလျှင် တောင်းပန်တတ်သည့်အလေ့အထရှိပါသည်။ အောက်ပါ 

တောင်းပန်ခြင်းနှင့်ပတ်သက်၍ အခြေခံနည်းလမ်းများကို ရေးသားဖော်ပြပေးသွားပါမည်။ 

 

1.မြန်နိုင်သမျှ မြန်မြန်တောင်းပန်ပါ။

တစ်စုံတစ်ရာမှားယွင်းသောအခါတွင် ချက်ချင်းတောင်းပန်သင့်ပါသည်။ အလုပ်ကိစ္စများတွင်လည်း မှားယွင်း၍နောက်ကျမှတောင်းပန်ခြင်းက ထိုအမှားကိုအစကနေပြန်ပြင်နေရသည့်အတွက် ကြန့်ကြာပြီးအထိက်လူကြီးများလည်း ပင်ပန်းစေပါသည်။ ထို့သို့ အသိပေးတောင်းပန်ခြင်းနောက်ကျသည်နှင့်အမျှ 

သင်အား အထက်လူကြီးမှ လွဲမှားမှုများကို သတင်းပို့ပေးခြင်းမရှိသူဟု ထင်မှတ်ခံရနိုင်ပြိး ယုံကြည်မှုများ လျှော့နည်းသွားပါမည်။  

 

2.တောင်းပန်စကားလုံးဖြင့် အသိပေးမည်။

တောင်းပန်သည့်အခါတွင် စိတ်ရင်းဖြင့် ရိုးသားစွာတောင်းပန်ပါမည်။ အခြေခံအားဖြင့် “Moshiwake Gozaimasen”၊ “Konodowa Moshiwake Gozaimasen” စသည့်စကားလုံးများကိုစတင်ပြောဆို၍ ခါးညွတ်အရိုသေပေးပါမည်။ တောင်းပန်သည့်အခါတွင် မဖြစ်မနေ တစ်ဖက်လူမျက်လုံးအားကြည့်ပါ။ တောင်းပန်စကားလုံးများမထပ်မိစေရန်လည်း သတိပြုပါ။ 

 

3.ဆင်ခြေမပေးဘဲ မှားယွင်းမှုကို ရိုးသားစွာလက်ခံပါ။

အရွယ်ရောက်ပြီးသားသူများအနေဖြင့် မိမိကိုယ်ကို တာ၀န်ယူရန်မှာ အရေးကြီးပါသည်။ ထို့အတွက် တောင်းပန်စကားလုံးများကို ပြောကြားရုံသာမဟုတ်ဘဲ ထိုအမှားများကို ပြန်လည်ဆင်ခြင်ပါမည်ဆိုသည့်အကြောင်းကိုလည်း အသိပေးသင့်ပါသည်။ “တစ်စုံတစ်ယောက်ကြောင့်ဖြစ်သွားတာပါ” ဟူ၍

ဆင်ခြေပေးခြင်းမပြုလုပ်ဘဲ တောင်းပန်ကြပါစို့။ 

 

4.တစ်ပါးသူ၏ စိတ်ခံစားမှုကို ဂရုပြုခြင်း။

မိမိကအမှားလုပ်မိသွားသဖြင့် မိမိအထက်လူကြီးမှ တောင်းပန်ရန်အတူတူလိုက်ပါပေးသောအခါမျိုးတွင် မိမိအထက်လူကြီးကို ကျေးဇူးတင်ကြောင်းနှင့် တောင်းပန်သည့်စကားလုံးများကို ပြောကြားပါ။ ဥပမာအနေဖြင့် “Gomeiwaku wo itashimashite moshiwake gozaimasen” စသည့်စကား

လုံးများလည်းသုံးနှုန်းပြောဆိုနိုင်ပါသည်။ 

 

5.တူညီသောအမှားကို နှစ်ကြိမ်ထပ်မမှားစေရန် လုပ်ဆောင်ချက်။ 

တူညီသောအမှားကို မဖြစ်စေရေး၊ နောက်နောင်ထိုအရာများမဖြစ်ပွါးစေရန် အသေးစိပ် အစီအစဥ်ရေးဆွဲမည်။ တောင်းပန်ရုံသာတောင်းပန်ပြီး နောက်ထပ်မမှားစေရန်ပြင်ဆင်ခြင်းများကိုမလုပ်လျှင် သင့်အား“တောင်းပန်ရုံသာတောင်းပန်နေသောသူ” ဟု ထင်မှတ်ပါလိမ့်မည်။ 

 

  1. 6.နောက်တစ်ကြိမ်တောင်းပန်ခြင်း။

နောက်ဆုံးအနေဖြင့် တစ်ဖက်လူအားနောက်တစ်ကြိမ် တောင်းပန်စကားထပ်မံပြောကြား၍ ဦးညွှတ်အလေးပြုပါမည်။ 

 

မိတ်ဆွေတို့ အမှားဆိုတာ ရှိကိုရှိပါတယ်။ အကယ်၍ တစ်ခုခုအမှားလုပ်မိသောအခါတွင် အထက်ပါ တောင်းပန်နည်းများကို မှတ်သား၍ စိတ်ရင်းဖြင့်တောင်းပါလျှင် တစ်ဖက်လူမှ နားလည်ခွင့်လွတ်ပေးပါလိမ့်မည်။ အမှားလုပ်မိလျှင်မကြောက်ရွံ့ဘဲ ရိုးသားစွာ ချက်ချင်းတောင်းပန်ကြပါစို့။