会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်ခွင်အတွင်း ပြန်လည်ဖြေကြားခြင်းနှင့်ပတ်သက်၍။

01.06.2021

အလုပ်ခွင်အတွင်း ပြန်လည်ဖြေကြားခြင်းနှင့်ပတ်သက်၍။

 

မည်သည့်အလုပ်တွင်မဆို ပြောဆိုဆက်ဆံရေးသည် အရေးကြီးပါသည်။ အလုပ်ခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးများဆီသို့ မိမိလုပ်နေသောအလုပ်အခြေအနေကို အစဥ်အမြဲသတင်းပို့ခြင်း၊ဧည့်သည်များကိုဆက်သွယ်ခြင်းစသည် စသည့်လုပ်ဆောင်ချက်များရှိသည့်အတွက် မိမိသည် ပြောဆိုဆက်ဆံရေးကောင်သူတစ်ဦးဖြစ်ရန်လိုသည်။ အလုပ်ကိုချောမွေ့စွာဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် အမြဲတမ်းကုမ္ပဏီမှလူများနှင့် စကားပြောဆို၍ ပြောချင်သည့်အကြောင်းအရာများကိုလည်း ရှင်းလင်အောင် ပြောကြားကြပါစို့။


・မိမိဆီရောက်လာသောအီးမေးလ်များကို လျှင်မြန်စွာပြန်လည်ဖြေကြားမည်။
 ဂျပန်နိုင်ငံ၌အလုပ်လုပ်ရာတွင် ဧည့်သည်များနှင့် အထက်လူကြီးများနှင့် အပေးအယူသည် မရှိမဖြစ်လိုအပ်
 သည်။ မိမိဆီရောက်လာသောအီးမေးလ်များကို လျှင်မြန်စွာပြန်လာဖြေကြားရန် စိတ်တွင်မှတ်သားထားကြပါစို့။

 

・ကုမ္ပဏီမှလူများကို နှုတ်ဆက်စကားပြောဆိုခြင်း။
 နှုတ်ဆက်စကားပြောဆိုခြင်းသည် ပြောဆိုဆက်ဆံရေး၏ ပထမဆုံးခြေလှမ်းဖြစ်သည်။
 မနက်ခင်းတိုင်း အလုပ်မစခင် အားလုံးကို ပုံမှန်ထက်ကျယ်သောအသံဖြင့် “Ohayou Gozaimasu ! Kyou Yoroshiku Onegaishimasu” ဟုနှုတ်ဆက်စကားပြောကြားပါ။


・တစ်ဖက်လူ၏ ခန္ဓာကိုယ်မျက်နှာအနေအထားကို သတိပြုမည်။
 တစ်ဖက်လူပြောစကားကို နားထောင်ရုံလောက်သာမဟုတ်ဘဲ မျက်နှာအနေအထားနှင့် ခန္ဓာကိုယ်အပြုအမှုကိုပါ ကြည့်ရှု့ပါ။


・လိုရင်းတိုရှင်းစကားလုံးဖြင့်ပြောမည်။
 မိမိပြောချင်သောစကား တစ်ဖက်လူနားလည်စေရန် စကားလုံးအသုံးအနှုန်း လိုရင်းတိုရှင်းစွာ ပြောမည်။ ဖြစ်
 နိုင်မည်ဆိုလျှင် အထက်လူကြီးဆီသို့ သတင်းပို့၊ ဆက်သွယ်၊ ဆွေးနွေးခြင်းနည်းလမ်းများကို အသုံးပြုပါ။


မိတ်ဆွေတို့ရော ဘယ်လိုထင်မြင်ပါသလဲ? အထက်ပါအချက်များကိုမှတ်သား၍ ကုမ္ပဏီမှလူများကို စကားပြောကြပါစို့။