会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အငှားအိမ်ယာများတွင် အိမ်မွေးတိရစ္ဆာန်များမမွေးရ။

11.05.2021

 အငှားအိမ်ယာများတွင် အိမ်မွေးတိရစ္ဆာန်များမမွေးရ။

 

ဂျပန်ရှိ အငှားအိမ်ယာများတွင် အိမ်မွေးတိရစ္ဆာန်များမွေးမြူ၍မရပါ။

မွေးမြူခွင့်မပြုသည့်အကြောင်းအရင်းအမျိုးမျိုးရှိပါသည်။ ထိုအထဲမှ သာမာန်အကြောင်း

အရာများကို ကောက်နှုတ်ရေးသေားဖော်ပြသွားမည်။ 

 

အကြောင်းအရင်းအနေဖြင့် အငှားအိမ်ယာများတွင် အိမ်မွေးတိရစ္ဆာန်များရှိလျှင် ကြမ်းပြင်

များအစင်းရာများထင်နိုင်ခြင်း၊ တံခါး များကိုကိုက်ဝါးခြင်း၊ အိမ်သာမဟုတ်သောအခြားနေရာ

များတွင်  အညစ်အကြေးစွန့်ခြင်းများဖြစ်ပွါးနိုင်သည့်အတွက်ဖြစ်ပါသည်။ အိမ်ရှင်နှင့် အိမ်ခြံ

မြေငှားကုမ္ပဏီများအနေဖြင့် အဆောက်အအုံများသာမာန်ထက်လျှင်မြန်စွာ ပျက်စီးနိုင်သော

ကြောင့် တားမြစ်ထားပါသည်။ 

ထို့အပြင် လူသားများနှင့်အလားတူစွာပင် အိမ်မွေးတိရစ္ဆာန်များတွင်လည်း စရိုက်အမျိုးမျိုးရှိ

ပါသည်။ ဆိုးသွန်းသော အိမ်မွေးတိရစ္ဆာန်များသည်ဟောင်ခြင်း၊ အသံကျယ်ထွက်ခြင်းများ

ကြောင့် ပတ်၀န်းကျင်မှလူများကို အနှောက်အယှက်ဖြစ်စေနိုင်ပါသည်။ ထိုမှတဆင့်အိမ်နီးနား ခြင်းများမှ တိုင်ကြားချက်များရှိလာနိုင်သည့်အတွက် ဂျပန်ရှိ အငှားအိမ်ယာများတွင်အိမ်မွေး

တိရစ္ဆာန်များမွေးမြူခြင်းကို တားမြစ်ခြင်းဖြစ်ပါသည်။ 

ထိုအငှားအိမ်ယာများတွင် ဖုန်းကွယ်၍ အိမ်မွေးတိရစ္ဆာန်မွေးမြူလျှင် ထိုအိမ်မွေးတိရစ္ဆာန်

သည် အိမ်အပြင်ထွက်လာခြင်းများရှိနိုင်ပါသည်။ အိမ်မွေးတိရိစ္ဆာန်များကို လျှို့လျှို့၀ှက်၀ှက်

မွေးမွေးမြူခြင်းများ မပြုလုပ်ပါနှင့်။