会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

(သတင်းပို့နည်း)5W1H ဆိုသည်မှာ

15.06.2021

(သတင်းပို့နည်း)5W1H ဆိုသည်မှာ

 

အလုပ်ခွင်တွင် (အသိပေးစေချင်သည့်အရာများအား သဘောမပေါက်ခြင်း)နှင့် (အသိပေးခဲ့သည့်အရာများကို သဘောမပေါက်ခြင်း)စသည့်အရာများ ဖြစ်ပွါးလျှင် တစ်ဦးချင်းစီတွင် စိတ်ပင်ပန်းမှုများဖြစ်ပေါ်နိုင်ပါသည်။ ထိုအရာကြောင့် ပြဿနာများလည်း ဖြစ်ပွါးနိုင်ပါသည်။

ထိုကဲ့သို့သော သတင်းပို့ရေးသားရာတွင် 5W1H သည် အသုံး၀င်လှပါသည်။ 5W1Hကိုမှန်ကန်စွာအသုံးချမည်ဆိုလျှင် ‌ရေးထားသောစာများကိုလွယ်ကူစွာနားလည်နိုင်ပြီး အသိပေချင်သည့်အကြောင်းအရာများကိုလည်း ရှင်းလင်းစွာအသိပေးနိုင်မည်ဖြစ်ပါသည်။ 5W1H သည်မည့်သည့်အဓိပ္ပယ်ဆောင်သလဲဆိုတာကို ရှင်းပြပေးသွားပါမည်။


5W1H ဆိုသည်မျာ When、Where、Who、What、How、Why ကိုဆိုလိုပြီး ထိုအရာများ၏ အစ
စာလုံးများကို အတိုကောက်စုစည်းထားခြင်းပင်ဖြစ်သည်။
Who  (ဘယ်သူက )   ကျွန်တော်က
When (ဘယ်အချိန်)  ဘယ်အချိန်
Where(ဘယ်နေရာတွင်)  ဘယ်နေရာတွင်
What (ဘာကို)  ○○အလုပ်ကို
Why  (ဘာကြောင့်)    △△အကြောင်းကြောင့်
How (ဘယ်လိုလုပ်)  ဒီလိုလုပ်ခဲ့ပါသည်။


5W1Hကိုသိရှိထားမယ်ဆိုရင် မိတ်ဆွေတို့အနေဖြင့် ဘယ်လိုနေမလဲ? 5W1H ကိုသိရှိနားလည်းပြီးထိုအတိုင်းလုပ်ဆောင်သွားလျှင် အလုပ်ခွင်အတွင် တစ်ဖက်လူအား နားလည်လွယ်ကူသော ပြောဆိုဆက်ဆံရေးကို ပြေပြစ်စွာ ဆောင်ရွက်နိုင်မည်ဟု ထင်ပါသည်။ 5w1hဖြင့် သတင်းပို့စာရေးသားနည်းများကို တတ်‌မြောက်အောင်လေ့လာပြီး အသိပေးချင်သည့်အကြောင်းအရာများကို မှန်ကုန်စွာ အသိပေးပြောကြားကြပါစို့။