လုပ်ငန်းသုံး စာရေးရာတွင် လိုက်နာရန်။
လုပ်ငန်းသုံးစာများကိုရေးသားခြင်းသည် အလုပ်အကြောင်းအရာများကိုသတင်းပို့တင်ပြခြင်းနှင့် ဧည့်သည် များ၊ကုမ္ပဏီမှလူများနှင့်အပေးအယူလုပ်ရာတွင် မှတ်တမ်းတင်ရန်အတွက် ဖြစ်ပါသည်။
လုပ်ငန်းသုံးစာရေးသားခြင်းနှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ။
- ရည်ချက်ချက်ကို ရှင်းလင်းစွာအသိပေးမည်။
လုပ်ငန်းသုံးစာများတွင် လွယ်ကူရှင်းလင်းစွာနားလည်သိရှိစေရန် ရေးသားပါ။ တိုတောင်းလှပသော ၀ါကျ များသည် ဖတ်ရလွယ်ကူပါသည်။
- ယဥ်ကျေးသည့်စကားလုံးများ သုံးနှုန်းမည်။
လူငယ်များအသုံးပြုလေ့ရှိသောစကားလုံးများအသုံးမပြုဘဲ ယဥ်ကျေးသည့်စကားလုံးများဖြင့် ရေးသားပါ။
ဂျပန်ဘာသာစကားရှိ ယဥ်ကျေးသည့်စကားလုံးများတွင် Sonkei-go နှင့် Kenjou-go ဟူ၍ နှစ်မျိုးရှိသည်။
ထိုအရာနှင်ပတ်သက်၍ သုံးပုံသုံးနည်းများကိုလည်း သတိပြုပါ။
- အကြောင်းအရာများကိုအသေးစိပ်ရေးမည်။
အကြောင်းအရာများကိုရေးရာတွင် ဝေဝါးသောစကားလုံးများဖြင့်မဟုတ်ဘဲ အလုပ်နှင့်ပတ်သက်သောအရာ
များကို လိုရင်းတိုရှင်း အဓိပ္ပယ်ရှိစွာ ရေးသားပါ။
- အဓိကခေါင်းစဥ်များကို အစပိုင်းစာကြောင်းများတွင်ရေးသားပါ။
အားလုံသောစာများကို ချက်ချင်းဖတ်၍နားလည်စေရန် အဓိကခေါင်းစဥ်ကို ပထမဆုံးရေးသားပါ။ ထိုပြီး
နောက်တစ်ဆင့်တွင် အသေးစိပ်အချက်များကိုထည့်၍ ရေးပါ။
မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ? လုပ်ငန်းသုံးစာများသည် အနည်းငယ်ခက်ခဲမည်ထင်ပါသည်။ အစပထမ နေသားမကျစဥ်အတွင်း senior များကိုစစ်ဆေးခိုင်းခြင်းများပြုလုပ်ပါ။