会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လုပ်ငန်းသုံး စာရေးရာတွင် လိုက်နာရန်။

06.07.2021

လုပ်ငန်းသုံး စာရေးရာတွင် လိုက်နာရန်။

 

လုပ်ငန်းသုံးစာများကိုရေးသားခြင်းသည် အလုပ်အကြောင်းအရာများကိုသတင်းပို့တင်ပြခြင်းနှင့် ဧည့်သည် များ၊ကုမ္ပဏီမှလူများနှင့်အပေးအယူလုပ်ရာတွင် မှတ်တမ်းတင်ရန်အတွက် ဖြစ်ပါသည်။

 

လုပ်ငန်းသုံးစာရေးသားခြင်းနှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ။

 

  1. ရည်ချက်ချက်ကို ရှင်းလင်းစွာအသိပေးမည်။

လုပ်ငန်းသုံးစာများတွင် လွယ်ကူရှင်းလင်းစွာနားလည်သိရှိစေရန် ရေးသားပါ။ တိုတောင်းလှပသော ၀ါကျ     များသည် ဖတ်ရလွယ်ကူပါသည်။ 

  1. ယဥ်ကျေးသည့်စကားလုံးများ သုံးနှုန်းမည်။ 

လူငယ်များအသုံးပြုလေ့ရှိသောစကားလုံးများအသုံးမပြုဘဲ ယဥ်ကျေးသည့်စကားလုံးများဖြင့် ရေးသားပါ။

ဂျပန်ဘာသာစကားရှိ ယဥ်ကျေးသည့်စကားလုံးများတွင် Sonkei-go နှင့် Kenjou-go ဟူ၍ နှစ်မျိုးရှိသည်။

ထိုအရာနှင်ပတ်သက်၍ သုံးပုံသုံးနည်းများကိုလည်း သတိပြုပါ။ 

 

  1. အကြောင်းအရာများကိုအသေးစိပ်‌ရေးမည်။

အကြောင်းအရာများကိုရေးရာတွင် ဝေဝါးသောစကားလုံးများဖြင့်မဟုတ်ဘဲ အလုပ်နှင့်ပတ်သက်သောအရာ

များကို လိုရင်းတိုရှင်း အဓိပ္ပယ်ရှိစွာ ရေးသားပါ။

 

  1. အဓိကခေါင်းစဥ်များကို အစပိုင်းစာကြောင်းများတွင်ရေးသားပါ။ 

အားလုံသောစာများကို ချက်ချင်းဖတ်၍နားလည်စေရန် အဓိကခေါင်းစဥ်ကို ပထမဆုံးရေးသားပါ။ ထိုပြီး

နောက်တစ်ဆင့်တွင် အသေးစိပ်အချက်များကိုထည့်၍ ရေးပါ။ 

  

မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ? လုပ်ငန်းသုံးစာများသည် အနည်းငယ်ခက်ခဲမည်ထင်ပါသည်။ အစပထမ နေသားမကျစဥ်အတွင်း senior များကိုစစ်ဆေးခိုင်းခြင်းများပြုလုပ်ပါ။