会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

မိဆိုး(Miso)ဟင်းရည်

19.01.2020

မိဆိုး(Miso)ဟင်းရည်

 

Misoဟင်းရည်ဟာ ဂျပန်ထမင်း၀ိုင်းတွင် မပါမဖြစ်ဟင်းချိုတစ်မျိုးဖြစ်ပါတယ်။ဟင်းရည်တွင် အသီးအရွက်၊ တို့ဟူး၊ ပင်လယ်ရေညှိ၊ ခရုစသည့် ရာသီအလိုက်စားစ ရာများနှင့် ဒေသထွက် စားစရာများကို ထည့်ချက်ပြုတ်ပြီး  miso အရသာကို ဖျော်ထည့်ခြင်းဖြင့် misoဟင်းချိုတစ် ခွက်ရလာမှာဖြစ်ပါတယ်။ အထူးသဖြင့် အေးချမ်းတဲ့မနက်ခင်းတွေမှာ misoဟင်းရည်ပူပူနွေး နွေးကို ရှိုက်သောက်ခြင်းအားဖြင့် လန်းဆန်းကာခန္ဓာကိုယ်အတွင်း မှ အားအင်များ တက်ကြွ လာသလို ခံစားရစေပါတယ်။ ဂျပန်လူမျိုးများဟာ နှစ်ပေါင်းအတော်ကြာ miso ဟင်းရည်ကို သောက်သုံးလာခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးသောခေတ်ကာလတုန်းက ခြိုးခြံစွာစားသောက ပြီး အသက်ဆက်လက်ရှင်သန်နိုင်ခြင်းမှာ ထမင်းနှင့်misoဟင်းချို၏ကျေးဇူးများကြောင့်ဟု ပြောစမှတ်ရှိကြပါတယ်။ miso တွင် အာဟာရဓါတ်များပါရှိကာ အစာများပါ ထည့်ချက်ထား ပြီး ထိုအစာများတွင်လည်း အာဟာ ရဓါတ်များပါ၀င်ခြင်းကြောင့် ကျန်းမာရေးအတွက် အထူး ကောင်းမွန်သော ဟင်းရည်တစ်မျိုးဖြစ်ပါတယ်။ misoဟင်းရည်ရဲ့အနှစ်အရသာမှာmisoအနှစ်၊ dashi၊ အစာတို့မှအရသာများပေါင်းစပ်ရာမှထွက်ပေါ်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ အရသာရှိတဲ့misoဟင်း ချိုတစ်ခွက်ဖြစ်ရန်မှာ dashi ကိုအသေအချာချင့်ချိန်ထည့်ခြင်း၊ misoအနှစ်အမျိုးအစားနှင့် မိမိထည့်ချက်မည့် အစာလိုက်ဖက်မှုရှိမရှိ ပေါ်တွင်မူတည်ပါတယ်။ နေရာဒေသအလိုက် miso အနှစ် အမျိုးမျိုးကို ရှိကြပြီး ထိုအနှစ်များဖြင့် ဟင်းရည်များကို ပြုလုပ်ကြပါတယ်။ အရသာများမှာလည်း စုံလင်လှပါတယ်။

ဟင်းရည်ချို၊ ဟင်းရည်စပ်၊ dashiအရသာထွက်အောင်ချက်ထားသော misoဟင်းရည် စသ ဖြင့် ဟင်းရည်အမျိုးမျိုးကိုပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လည်း ဂျပန်ဟင်းရည် misoကို ချက်ပြုတ်ကြည့်ကြရင်ရော?