会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဂျပန်ခေါက်ဆွဲ(Ramen)

23.07.2020

 ဂျပန်ခေါက်ဆွဲ(Ramen)

 

Ramen သည် ဂျပန်ကို ကိုယ်စားပြု လူကြိုက်များသော အစားအသောက်တစ်မျိုးဖြစ်ပါ သည်။ Ramenတွင် ဟင်းရည်နှင့် အရသာများ အမျိုးမျိုးရှိသည့်အတွက် လူကြိုက်များကာ ခေါက်ဆွဲဖက်များမှာလည်း အရွယ်အစားအကြီးအသေးနှင့် အမျိုးအစား အမျိုးမျိုးရှိသဖြင့် ကမ္ဘာအဝှမ်းမှ လူများ အလွန်ကြိုက်နှစ်သက်ကြပါသည်။ 

ဟင်းရည်နှင့် ခေါက်ဆွဲဖတ်သာပါဝင်သည့် ရိုးရှင်းသော အစားအစာဖြစ်သော်လည်း၊ ramen ခေါက်ဆွဲ အမျိုးမျိးရှိပြီး ကမ္ဘာအနှံ့ ကျော်ကြားသည့် Ramenများ လည်းရှိသဖြင့် အရသာအမျိုးမျိုးကို မြည်းစမ်းသုံးဆောင်နိုင်ပါသည်။ 

 

Ramenအရသာ အခြေခံ (၇)မျိုး

 

  1. ပဲငံပြာရည်အရသာ Ramen ခေါက်ဆွဲ (Shouyu Ramen)

ဂျပန်တွင် အစားများဆုံး‌သော ramen မှာ ပဲငံပြာရည်အရသာ Ramen ခေါက်ဆွဲဖြစ်ပါသည်။ 

ပဲငံပြာရည်ကို အဓိကထား၍ ပြုလုပ်ထားသောအရည်နှင့် ကြက်၊ဝက်နှင့် ပင်လယ်စာမှရသော Dashiနှင့် ပေါင်းစပ် ပြုလုပ်ပါသည်။ နေရာဒေသအလိုက် ပဲငံပြာရည်နှင့် Dashi အမျိုးအစား အများအပြားရှိပါသည်။ တွဲဖက်စားသုံးမည့် ခေါက်ဆွဲဖတ်အပေါ် မူတည်ပြီး စားသုံးရသည့် အရသာမှာလည်း ကွာခြားပါသည်။  

  1. Miso Ramen ခေါက်ဆွဲ

Miso နှင့် အသီးအရွက်ကို ထည့်ပြီး Dashi ကိုလောင်းထည့်ကာ မြင့်မားသောအပူချိန်

ဖြင့် ကြော်လှော်ဖြင်းဖြင့် ထူးခြားသော Miso Ramen အရသာကို ဖန်တီးထားပါသည်။

  1. ဆားငန်အရသာ Ramen ခေါက်ဆွဲ (Shio Ramen)

ဆီအများအပြား မသုံးထားသော Ramen ကိုပြရမည်ဆိုလျှင် ဆားငန်အရသာ Ramenခေါက်ဆွဲ ပြရပါမည်။ ဆန်းအငန်အရသာ Ramen သည် အခြားသော ပဲငန်ပြာရည် Ramen၊ Miso Ramen များနှင့်မတူညီဘဲ အရောင်အဆင်း ကင်းမဲ့ပါသည်။ ဆားနှင့်အတူပေါင်းစပ်ထည့်သည့် Dashi မှာလည်း အရောင်ကင်းမဲ့နေသည့်အတွက် အမြင်အားဖြင့် အရောင်ကင်းမဲ့သော Ramen တစ်မျိုးဖြစ်ပါသည်။ 

  1. ဝက်ရိုးပြုတ်အရသာ Ramen ခေါက်ဆွဲ (Tonkotsu Ramen)

ဝက်အရိုးကို အချိန်ကြာမြင့်စွာ ပြုတ်ရာမှ ထွက်လာသည့် အဖြူရောင်ဟင်းရည်ကို အသုံးပြုပြီး ပြုလုပ်ထားပါသည်။ ပြုတ်ချိန်အနည်းအများနှင့် အသုံးပြုသည့် ဝက်ရိုးပေါ်မူတည်ပြီး ဟင်းရည်အပျစ်အကျဲနှင့် အရသာ ကွာခြားပါသည်။  

  1. ကြက်စွပ်ပြုတ်အရသာ Ramen (Toripaitan Ramen)

ကြက်သားကိုအချိန်ကြာမြင့်စွာပြုတ်ရာမှထွက်လာသော ဟင်းရည်ဖြစ်ပါသည်။ အမြင်အား

ဖြင့် Tonkotsu Ramen နှင့်ဆင်တူသော်လည်း အရသာ လုံး၀မတူညီပါ။ Tonkotsu Ramen

နှင့်နှိုင်းယှဉ်ကြည့်ပါက ကြိုက်နက်သက်သူများပြားပြီး လူတိုင်းစားသောက်ရန်လွယ်ကူ

နိုင်သော Ramen ဟုလည်းပြောနိုင်ပါသည်။ 

  1. Tsukemen ခေါက်ဆွဲ

Tsukemen ဆိုသည်မှာ ခေါက်ဆွဲအဖတ်ကို ဟင်းရည်တွင် အရသာဆွတ်၍ စားရသောအစား

စရာတစ်မျိုးဖြစ်ပါသည်။ သာမာန်အားဖြင့် Ramen သည် ပြုတ်၍ရလာသော ခေါက်ဆွဲအ 

ဖတ်ကို ပူပူနွေးနွေးဟင်းရည်ထဲတွင် ထည့်၍စားသောက်ရသောစားစရာဖြစ်သော်လည်း 

Tsukemen တွင်မူ ခေါက်ဆွဲပြုတ်ကို ရေအေးဖြင့် အအေးခံကာ စားသုံးပြီး ဟင်းရည်ကိုလည်း သီးသန့်ခွက်ဖြင့်ထည့်ပြီး တည်ခင်းဧည့်ခံပါသည်။

  1. ဆီချက်ခေါက်ဆွဲ (Abura Soba)

အလွယ်ဆုံးပြောရလျှင် ဟင်းရည်မပါသည့် Ramen ဖြစ်သည်။ “ShiruNashi” “MazeSoba” ဟူ၍လည်းခေါ်ပါသည်။ ခေါက်ဆွဲအဖတ်တွင် အရည်အနည်းငယ် ထည့်ရောနယ်၍ စားသောက်ခြင်းဖြစ်ပါသည်။ စားသုံးရာတွင် ဟင်းရည်များ ပန်းကန်အောက်ခြေတွင် စုနေနိုင်သည့်အတွက် သေချာစွာရောမွှေပြီးမှ စားသောက်သင့်ပါသည်။

 

Ramen ခေါက်ဆွဲထဲတွင် ထည့်၍စားသောအစာများ

-ဝက်သားပြား

-မျှစ်။

-ရေညှိ။

-ကြက်သွန်မြိတ်။

-အရသာပါသောကြက်ဥဘဲဥ

 

Ramen ခေါက်ဆွဲစားနည်း

ဂျပန်နိုင်ငံတွင် Ramen ခေါက်ဆွဲအပြင် အခြားအစားအစာများကို စားသုံးရာတွင်လည်း အသံထွက်၍ရှိုက်ကာ စားသောက်သည့် အလေ့အထရှိပါသည်။ စားသုံးရာတွင် ဟင်းရည်အနံအရသာကိုပါ တစ်ပါတည်း ခံစားနိုင်သည့်အတွက်  ရှိုက်၍စားသောက်ခြင်း ဖြစ်သည်ဟုလည်း ဆိုကြပါသည်။ 

ခေါက်ဆွဲကို ရှိုက်၍စားသောနည်းမှာ ခေါက်ဆွဲအဖတ်စားရာတွင် လေကိုပါ တစ်ပါတည်း

အားစိုက်ရှိုက်သွင်း စားသောက်ခြင်း ဖြစ်ပါသည်။ အစပထမတွင် ထူးဆန်းသည်ဟု ထင်ရသော်လည်း ဘေးလူများအား အားနာစရာမလိုဘဲ စမ်းသပ်စားသောက်ကြည့်ပါ။ 

ဂျပန်နိုင်ငံ၏ နေရာဒေသအမျိုးမျိးနှင့် ကမ္ဘာတစ်ဝှမ်းးရှိ Ramenဆိုင်များအား လှည့်ပတ်စားသောက်ရလျှင် စိတ်ဝင်စား ပျော်ရွှင်ဖွယ်ရာကောင်းမည်ဟု ထင်ပါသလား? ဂျပန်လူမျိုးများသည် Ramen ကို ကြိုက်နှစ်သက်ကြပါသည်။ အထူးသဖြင့် ချမ်းအေးသော ရာသီများတွင် Ramen ဆိုင်များမှာ အလွန်စည်ကားပါသည်။ Instant Ramen ခေါ် အသင့်စား ခေါက်ဆွဲပြုတ်များကိုလည်း အိမ်တွင် အလွယ်တကူ ချက်ပြုတ်နိုင်သည့်အတွက် တစ်ယောက်တည်း နေထိုင်သူများအတွက်လည်း အလွန်အဆင်ပြေမည်ဟု ထင်ပါသည်။