OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

အစားအသောက် နမူနာပုံစံ

06.08.2020

အစားအသောက် နမူနာပုံစံ

 

အစားအသောက်နမူနာပုံစံများကို Food Model, Food Replica ဟုလည်း ခေါ်ဆိုလေ့ရှိပါသည်။ 

အစားအသောက်အစစ်အမှန်ကို တုပ၍ ပုံစံတူပြုလုပ်ခြင်းဖြစ်သော်လည်း အစစ်အမှန်နှင့် အတတ်နိုင်ဆုံး တူညီမှုရှိအောင် ပြုလုပ်ထားပါသည်။ နိုင်ငံရပ်ခြားမှအလည်လာသူများသည် အစားအသောက်နမူနာပုံစံများကို စိတ်ပါ၀င်စားစွာ ကြည့်ရှု့ကြပါသည်။ 

ကြည့်ရှုရခြင်း အကြောင်းပြချက်မှာ  “ အစားအသောက်အစစ်အမှန်လား?” ဟု စိတ်ထဲကတွေးထင်ပြီး မရည်ရွယ်ဘဲ ထိ၍စမ်းကြည့်ရ လောက်သည်အထိ လုံးဝထပ်တူကျအောင် ပြုလုပ်ထားသောကြောင့်ဖြစ်သည်။ မိတ်ဆွေတို့လည်း အစားအသောက်နမူနာပုံစံများကို မြင်တွေ့မိပါက လုံးဝမစားမိပါစေနှင့်။ စားစရာမဟုတ်သည့်အတွက် စားသုံးမိပါက အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ထို့ပြင် ခွင့်မတောင်းဘဲ ကိုင်တွယ်ထိတွေ့ခြင်းများလည်း မပြုလုပ်ပါနှင့်။ တခါတရံတွင်လည်း အစားအသောက်အစစ်အမှန်များကိုလည်း နမူနာအစားအသောက် အဖြစ် ပြသထားခြင်းမျိုးလည်း ရှိတတ်ပါသည်။ အစားအသောက်အစစ်အမှန်ကို နမူနာအစားအသောက်ဟု ထင်မှတ်ကာ ကိုင်ကြည့်မိပြီး ပျက်စီးသွားသည့် အဖြစ်အပျက်လည်း ရှိခဲ့ဖူးပါသည်။