会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Daruma(ဒါရုမာ့)

20.08.2020

Daruma(ဒါရုမာ့)

 

မိတ်ဆွေတို့ Darumaကိုမြင်ဖူးပါသလား? ခန္ဓာကိုယ်ပုံစံမှာ နီ၍ လုံးဝန်းသောပုံသဏ္ဍာန်ဖြစ်သည်။ စက္ကူဖြင့်ပြုလုပ်ထားပြီး မျက်လုံးတွင် မျက်ဆံမပါရှိပါ။ ပစ်တိုင်းထောင်အရုပ်ကဲ့သို့ ပြုလုပ်ထားပါသည်။ Daruma တွင် မည်သို့သော အဓိပ္ပါယ်များ ပါရှိပါသလဲ? “ဇွဲ”ဟူသော အဓိပ္ပါယ် ပါရှိပါသည်။ ထိုရိုးရာအရုပ်သည် Bodaidaruma ဟုခေါ်သော ဗုဒ္ဓဆိုင်ရာ ရုပ်ပွါးတော်များကို တုပ၍ ပြုလုပ်ထားကြပါသည်။ ထိုအရုပ်များကို ဘုရားကျောင်းများတွင် ရည် ရွယ်ချက်များကို အောင်မြင်ရန်အတွက် အဆောင်လက်ဖွဲ့အနေဖြင့်  ရောင်းချခြင်းများပြုလုပ် ပါသည်။ 

 

ဘုရားကျောင်းတွင် ရောင်းနေသော daruma များရှိ မျက်စိများအားလုံးမှာ အဖြူ ရောင်များသာဖြစ်သည်။ အကြောင်းမှာ မျက်စီအဖြူအတွင်းရှိ မျက်ဆံကို မိမိကိုယ်တိုင် ရေး ဆွဲရသောကြောင့် ဖြစ်ပါသည်။ ပထမဆုံး မိမိ အောင်မြင်ချင်သည့် ရည်မှန်းချက်ကို ဆုံးဖြတ် ကြပါစို့။ ယနေ့တွင်မှု daruma အရုပ်ကို အမျိုးမျိုးသော အရောင်ဖြင့် ပြုလုပ်ထားကြပြီး အရောင်တိုင်းတွင် အမျိုးမျိုးသော အဓိပ္ပါယ်များ ပါရှိပါသည်။ မိမိ၏ ရည်မှန်းချက်ဖြင့် လိုက် ဖက်မည့် အရောင်ကို ရွေးချယ်ပါ။ ထို့နောက် သင်၏ဆုံးဖြတ်ချက်ကိုခိုင်မြဲစေရန်အတွက် ထိုအရုပ်တွင် မျက်ဆံကို ရေးဆွဲထည့်ပါ။ (မည့်သည့်ဘက်ရှိမျက်လုံး မဆို ရသည်။) မိမိ၏ ရည်မှန်းချက်အောင်မြင်စေရန် ကြိုးစားအားထုတ်၍ ခက်ခဲပင်ပန်းသော အချိန်ရောက်ရှိလာပါက  daruma ဆီသို့ မျက်နှာမူပါမည်။ daruma ၏ မျက်လုံးများသည် သင့်အိပ်မက်များ အကောင်အထည်ပေါ်စေရန် အမြဲတမ်း ကြည့်ရှု စောင့်ရှောက်နေပါသည်။ ရည်ရွယ်ချက်များ အောင်မြင်ပါက ကျန်ရှိသည့် မျက်လုံးတစ်ဖက်တွင် မျက်ဆံကို ထည့်သွင်းကြပါစို့။

 

သူငယ်ချင်းတို့လည်း daruma အရုပ်များကို ဝယ်ယူကာ ရည်မှန်းချက်များ ချမှတ်ပြီး daruma ကဲ့သို့ ဇွဲလုံ့လများကို ထားရှိကြပါစို့။